တောင်တရုတ်ပင်လယ်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် သင်္ဘောတစ်စင်းနစ်မြုပ်, လူများပျောက်ဆုံးနေ

0
193

တောင်တရုတ်ပင်လယ်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် သင်္ဘောတစ်စင်းနစ်မြုပ်, လူများပျောက်ဆုံးနေ

ဟောင်ကောင်၊ဇူလိုင် ၂

စနေနေ့က တောင်တရုတ်ပင်လယ်တွင်တိုက်ခတ်ခဲ့သော ချာဘာ အမည်ရှိတိုင်ဖွန်းမုန်တိုင်းကြောင့် ဟောင်ကောင်အနောက်တောင်ဘက် ရေမိုင် ၁၆၀ ကီလိုမီတာ အကွာတွင်ရှိနေသော အင်ဂျင်နီယာသင်္ဘောတစ်စင်းသည် မုန်တိုင်းဒဏ်ဖြင့် နှစ်ပိုင်းကျိုးနစ်မြုပ်သွားခဲ့သည်။

ထိုအဖြစ်ကြောင့် သင်္ဘောအမှုထမ်းအယောက် ၃၀ ခန့်သင်္ဘောကိုစွန့်ခွာခဲ့ရပြီး ကျန်နှစ်ဒါဇင်ခန့်သူများမှာပျောက်ဆုံးနေသည်ဟုသိရှိရသည်။ကယ်ဆယ်ရေးသမားများသည်လည်း ၎င်းတို့အားရှာဖွေရန်ကြိုးစားလျက် ရှိကြောင်းသိရသည်။

ဒေသစံတော်ချိန်ညနေ ၃ နာရီတွင် လူသုံးဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အာဏာပိုင်များကပြောသည်။ဟောင်ကောင်အာဏာပိုင်များပြထားသည့် ရုပ်သံဗွီဒီယိုဖိုင်တွင် လှိုင်းလုံးကြီးများဖြင့်မြုပ်လုနီးပါးဖြစ်နေသော သင်္ဘောကုန်းပတ်ပေါ်မှလူတစ်ဦးကို ရဟတ်ယာဉ်ပေါ်သို့ ဆွဲတင်ကယ်ဆယ်နေသည်ကိုပြသခဲ့သည်။

အသက်ရှင်ကျန်ရစ်သူသုံးဦးက အခြားသင်္ဘောသားများက ပထမဆုံးရဟတ်ယာဉ်မရောက်ရှိမီလှိုင်းလုံးများဖြင့် မျောပါသွားနိုင်ကြောင်းဆိုသည်ဟု အစိုးရထုတ်ပြန်ချက်တစ်ခုအရသိရသည်။

တိုင်ဖွန်းချာဘာသည် တောင်တရုတ်ပင်လယ်အလယ်ပိုင်းတွင် အစောပိုင်းက ဖြစ်ပေါ်ခဲ့ပြီး စနေနေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့သည်။

ဟောင်ကောင်ရှိ ကယ်ဆယ်ရေးသမားများသည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၂၅ မိနစ်တွင် အဆိုပါအဖြစ်အပျက်ကိုသိရှိခဲ့ပြီး ချာဘာ၏ဗဟိုချက် အနီးတွင် သင်္ဘောကို တွေ့ရှိခဲ့သည်။ကယ်ဆယ်‌ရေးလုပ်‌ေဆာင်ချိန်တွင်ပြင်းထန်သော ရာသီဥတုအခြေအနေများနှင့် အနီးနားရှိစွမ်းအင်ထုတ်လေတာဘိုင်များက ကယ်ဆယ်ရေးကို ပိုမိုခက်ခဲပြီး အန္တရာယ်များစေသည်ဟုဆိုသည်။

သင်္ဘောတည်နေရာတွင် တစ်နာရီလေတိုက်နှုန်း ၁၄၄ ကီလိုမီတာနှင့် လှိုင်းအမြင့် ၁၀ မီတာရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။အစိုးရ Flying Service မှ လေယာဉ်နှစ်စင်းနှင့် ရဟတ်ယာဉ်လေးစင်း စေလွှတ်ခဲ့ပြီး တရုတ်ပြည်မကြီးမှ အာဏာပိုင်များက ကယ်ဆယ်ရေးလှေတစ်စင်းကိုလည်းစေလွှတ်ခဲ့သည်။

ကယ်ဆယ်ရေးသမားများက ၎င်းတို့အ‌နေဖြင့် ပျောက်ဆုံးနေသူများသောကြောင့် ရှာဖွေရေးဧရိယာကိုတိုးမြှင့်ပြီး အခြေနေပေးပါက စစ်ဆင်ရေးကို ညပိုင်းအထိတိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်းပြောကြားခဲ့သည်။

Source – Wio News

 


LEAVE A REPLY

Please enter your comment!
Please enter your name here