မတ္တရာမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ဇနီး အစည်းအဝေးတက်ပြီးပြန်လာစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
72

မတ္တရာမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ဇနီး အစည်းအဝေးတက်ပြီးပြန်လာစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

 

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ကြာပင်ကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကျော်နိုင်နှင့်ဇနီးဖြစ်သူ မသင်းသင်းခိုင်တို့သည် ဇူလိုင် ၃ ရက်နေ့လည်ပိုင်းက အစည်းအဝေးတက်ပြီးပြန်လာစဥ် သေ နတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကျော်နိုင်နှင့်ဇနီးဖြစ်သူသည် မတ္တရာမြို့နယ်ထွေအုပ်ရုံး၌ အစည်း အဝေးတက်ပြီးနောက် ဆိုင်ကယ်ဖြင့်ပြန်လာစဥ် အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကင်းရွာနဲ့ကျောက်ဆည်လေးရွာကြားမှာပစ်ခံရတာ ကျည်ထိထားတာတော့အများကြီးပဲ အနီး ကပ်တော့သွားမကြည့်ရဲဘူးဗျ”ဟု ဒေသခံတစ်ဦးကပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကျော်နိုင်နှင့်ဇနီးဖြစ်သူတို့မှာ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့သဖြင့် မတ္တရာမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ကြာပင်ကျေးရွာ၊ကင်းကျေးရွာနှင့်ကျောက်ဆည်လေးကျေးရွာတို့တွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here