ချင်းရွှေဟော် နယ်စပ်တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်(၄) ၏ ရုံးခန်းများဖွင့်မည်

0
140

ချင်းရွှေဟော် နယ်စပ်တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်(၄) ၏ ရုံးခန်းများဖွင့်မည်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ချင်းရွှေဟော်နယ်စပ်တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၄) ခု၏ ရုံးခန်းများ ဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖွင့်လှစ်ရခြင်းမှာ ချင်းရွှေဟော် နယ်စပ်ကုန် သွယ်ရေးစခန်းနှင့် ကုန်သည်ကြီးများအသင်း၏ တင်ပြမှုကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံဗဟိုဘဏ်၏ အကူအညီဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကွမ်းလုံ – ဟိုပန် – ချင်းရွှေဟော် – လောက်ကိုင် နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအ သင်းမှ သိရသည်။

အဆိုပါ ရုံးခန်း ဖွင့်လှစ်မည့် ဘဏ်များမှာ မြန်မာ့စီးပွား ရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရဘဏ်တို့ ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါ ဘဏ်ရုံးခန်းများကို ချင်းျရွှဟော်နယ်စပ် ၊ ဝမ်လီဟိုတယ် ခန်းမဆောင်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘဏ်လုပ်ငန်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ အနေဖြင့် လာရောက်စုံစမ်း မေးမြန်းနိုင်ကြောင်းလည်း သိရသည်။

အဆိုပါ ဘဏ် ရုံးခန်းများတွင် ဇူလိုင်လ (၄) ရက်မှ စတင် ၍ ယွမ်ငွေအကောင့်များ ဖွင့်လှစ်ခြင်း၊ သွင်းကုန် ထုတ် ကုန်များအတွက် ယွမ်ငွေဖြင့် ငွေပေးချေမှုများကို လုပ် ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here