ရွှေပြည်သာမြို့နယ်တွင် ဆောက်လက်စအဆောက်အဦးပြိုကျ၍ ၇ ဦးဒဏ်ရာရ

0
303

ရွှေပြည်သာမြို့နယ်တွင် ဆောက်လက်စအဆောက်အဦးပြိုကျ၍ ၇ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊ ၅ ရပ်ကွက်၊ပတ္တမြားလမ်းတွင် ဇူလိုင် ၄ ရက်(ယနေ့)နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ဆောက်လက်စအဆောက်အဦးပြိုကျခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာ နချုပ်နှင့်လူမှုဘဝစောင့်ရှောက်ရေးပရဟိတအ သင်းတို့မှ သိရသည်။

“တိုက်ပြိုကျတာတော့မဟုတ်ဘူးဗျ ဆောက်လက်စတိုက်က စလက်လောင်းရင်း အောက်ခံတန်းဝိတ်က အပေါ်ကဝန်ကိုမခံနိုင်လို့ပြိုကျသွားတာပါ”ဟုလူမှုဘဝစောင့်ရှောက်ရပရဟိတအ သင်းမှ ကိုဇော်ကြီးကပြောသည်။

အဆိုပါ ဖြစ်စဥ်အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှရှာဖွေကယ်ဆယ်ရေးကားများ၊ရှာဖွေကယ်ဆယ်ရေး(အထူး)အဖွဲ့ဝင်များ၊ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် ရွှေပြည်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ရွှေပြည်သာဆေးရုံကနေ ခေါင်းနဲ့ခြေထောက်ထိထားတဲ့ အမျိုးသမီးရယ် နောက်ထပ်ထိခိုက်မှုရှိထားတဲ့ အမျိုးသား ၄ ယောက်ရယ်ကို အင်းစိန်ဆေးရုံထပ်ပို့လိုက်ပါတယ် ကျန်တဲ့ အမျိုးသား ၂ ယောက်ကတော့ မစိုးရိမ်ရတဲ့အတွက် ရွှေပြည်သာဆေးရုံမှာပဲ ဆေးကုသနေပါတယ်”ဟု ကိုဇော်ကြီးကပြောသည်။

Photo-ရွှေမေတ္တာ


LEAVE A REPLY

Please enter your comment!
Please enter your name here