တိုင်းပြည် ကာကွယ်ရေးနှင့် လုံခြုံရေးတွင် အမျိုးသားနှင့် တန်းတူ အမျိုးသမီးများလည်း တာဝန်ယူနေပြီဟု ဒုတပ်ချုပ်ပြော

0
87

တိုင်းပြည် ကာကွယ်ရေးနှင့် လုံခြုံရေးတွင် အမျိုးသားနှင့် တန်းတူ အမျိုးသမီးများလည်း တာဝန်ယူနေပြီဟု ဒုတပ်ချုပ်ပြော

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍများတွင် အမျိုးသမီးများလည်း အမျိုးသားများနှင့် ရင်ပေါင်တန်း ကာ တာဝန်ထမ်းဆောင်နေကြကြောင်း တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ဇူလိုင်လ (၃) ရက်က ကျင်းပသည့် အမျိုးသမီးများနေ့ အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်းတွင် ၎င်းက ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

” နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်မှု ပိုမိုများပြားလာသည်ကို တွေ့ရပါတယ်။ မြန်မာ့တပ်မတော်တွင် ကြည်း၊ ရေ၊ လေ အမျိုး သမီး ဗိုလ်လောင်းများ မွေးထုတ်ထားပြီး အမျိုးသားများနဲ့ တန်းတူ ရင်ပေါင်တန်း တာဝန်ထမ်းဆောင်နေကြပြီပဲ ဖြစ်ပါတယ် ” ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြော သည်။

အလားတူ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်ထဲရေးဝန် ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များကလည်း အမျိုးသားများနှင့် တန်းတူ ရင်ပေါင် တန်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

ယခုနှစ်တွင် တပ်မတော် ဆေးတက္ကသိုလ်အတွက် အမျိုး သမီး ဗိုလ်လောင်းများကိုလည်း ခေါ်ယူလေ့ကျင့် သင် ကြားပေးရန် စီစဉ်လျက်ရှိကြောင်းလည်း ဒုတိယဗိုလ် ချုပ်မှူးကြီးက ပြောသည်။

၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း အနှစ် ချုပ် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁.၁ သန်းရှိသည့်အနက် အမျိုးသား ၄၆.၈ ရာခိုင်နှုန်း၊ အမျိုး သမီး ၅၃.၂ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

ထို့ကြောငိ့ နိုင်ငံတော်အဆင့် ဦးစားပေး ကဏ္ဍများဖြစ်သည့် ငြိမ်း ချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အ မျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအား မြင့်မားစေရေးတို့အတွက် အရှိန်အဟုန်နှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများအနေနှင့် ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်း ပြောကြားသွားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here