မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ပုဂံတွင် သီးသန့်တွေ့ဆုံ

0
106

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ပုဂံတွင် သီးသန့်တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ကမ္ဘောဒီးယားနိုင်ငံ၏ ဒု – ဝန်ကြီးချုပ်၊နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန် ကြီး မစ္စတာပရပ်ဆွန်ခွန်းနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ဇူလိုင်လ (၃) ရက်က ပုဂံမြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားရေး ဝန်ကြီး (၂) ဦးသည် မြန်မာ နိုင်ငံ ပုဂံမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ် သည်။

မစ္စာဝမ်ယိနှင့် အာဆီယံ အထူးကိုယ်စားလှယ်တို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းစဉ်အမျိုးမျိုးဖြင့်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဆွေးနွေးမှုများတွင် အကျိုးရလဒ်များရရှိခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုပိုမိုတိုးမြှင့်ရန်လည်း ကတိကဝတ်များပြုခဲ့ကြကြောင်း သိရသည်။

မဲခေါင် – လန်ချန်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် တရုတ်မှ ကမကထပြုလုပ်ကာ မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် တရုတ်နှင့် မြန်မာနိုင်ငံက ပူးတွဲ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here