တာချီလိတ်မြို့တွင် စကားပြောနေသည့် အမျိုး သား ၂ ဦးအားဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လု ယက်သွားသူ ၄ ဦးကိုဖမ်းဆီးရမိ

0
158

တာချီလိတ်မြို့တွင် စကားပြောနေသည့် အမျိုး သား ၂ ဦးအားဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လု ယက်သွားသူ ၄ ဦးကိုဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊မကာအိုခမ်းရပ် ကွက်ရှိ ရွှေတိဂုံစေတီတော်မုခ်ဦးအနီးတွင် ဇွန် ၁ ရက်နံနက်ပိုင်းက စကားပြောနေသည့် အမျိုးသား ၂ ဦးအားဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လုယက်ယူ ဆောင်သွားသူ ၄ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်လုယက်ယူဆောင်သွားခံရသည့် ကိုဇင်ထွေးနှင့်အမျိုးသားတစ်ဦးတို့သည် ရွှေတိဂုံစေတီတော်မုခ်ဦးအနီး၌ ရပ်၍ စကားပြောနေစဥ် အ မည်မသိလူငယ် ၃ ဦးသည် ဓားများဖြင့်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် ကိုဇင်ထွေး၏ဦးခေါင်းအား ဓားဖြင့်ခုတ်ကာ ကျန်အမျိုးသား၏ လည်ပင်းအားဓားဖြင့်ထောက်၍ ခေါင်းငုံကာမှောက်နေရန်ပြောဆိုပြီးနောက် ဆိုင်ကယ်အားလုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ဓားဖြင့်ခုတ်ခံရမှုကြောင့် ကိုဇင်ထွေး၏ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် တာချီလိတ်ခရိုင်၊မြို့နယ်နှင့်မြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့်အောင်အောင်(၁၇)နှစ်၊မင်းထက်ထက်အောင် (၁၇)နှစ်၊လင်းကျော်ဇော(ခ)အငယ်လေး(၁၆)နှစ်နှင့်ထိန်လင်းအောင်(ခ)ငလင်း(၁၅)နှစ်တို့အား လုယက်ယူဆောင်သွားသည့် ဆိုင်ကယ်နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်ခဲ့သူ ၄ ဦးအား တာချီလိတ်မြို့မရဲစခန်းက ဇူလိုင် ၄ ရက်တွင် (ပ)၁၀၂/၂၂၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄/၃၂၅ /၁၁၄ အရအမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here