သရုပ်ဆောင် သင်ဇာဝင့်ကျော် SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေး မှတ်တမ်းရုပ်ရှင် လက်ခံရိုက်ကူးနေကြောင်း SSPP/ SSA မှထုတ်ပြန်

0
307

သရုပ်ဆောင် သင်ဇာဝင့်ကျော် SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေး မှတ်တမ်းရုပ်ရှင် လက်ခံရိုက်ကူးနေကြောင်း SSPP/ SSA မှထုတ်ပြန်

 

သရုပ်ဆောင်သင်ဇာဝင့်ကျော်သည် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ဌာနချုပ် တည်ရှိရာ ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေးမှတ်တမ်းကို လက်ခံရိုက်ကူးနေကြောင်း သိရသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်းနှင့် ပတ်သက်၍ SSPP/SSA က ယနေ့ ဇူလိုင်လ (၄) ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင်သင်ဇာဝင့်ကျော်အား ဟိုက်ပါ ရေတံခွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး အတွက် Documentary ရိုက်ကူးရန်ကမ်း လှမ်းဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် (၃)ရက်က စတင်ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၃) ရက်ညပိုင်းတွင် SSPP/SSA ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆု၏ သမီးဖြစ်သူ၏ မင်္ဂလာညစာစားပွဲသို့ SSPP/SSA ၏ ယူနီဖောင်း ဝတ်စုံဖြင့်တက်ရောက် အားပေးခဲ့ပြီး ယင်းသို့ တက်ရောက်လာခြင်းအ ပေါ် ကျေးဇူးတင်ကြောင်းလည်း SSPP/SSA က ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသသည်။

မှတ်တမ်း ရုပ်ရှင် ရိုက်ကူးခြင်းသည် နိုင်ငံရေးရည်ရွယ် ချက်ဖြင့် ရိုက်ကူးခြင်းမဟုတ်ပဲ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) သည် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အဖွဲ့ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here