ကျိုင်းတုံမြို့၌ ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သိန်းပြားနှင့်သေနတ်တစ်လက်အားဖမ်းဆီးရမိ

0
198

ကျိုင်းတုံမြို့၌ ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သိန်းပြားနှင့်သေနတ်တစ်လက်အားဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့၊ရပ်ကွက် ၃ တွင် ဇူ လိုင် ၃ ရက်နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နံနက် ၈ နာရီကျော်က ရပ်ကွက် ၃ ရှိ ဟိုတယ်တစ်ခုရှေ့တွင် စိုင်းဆိုင်းရွက်ဖူး(၂၆)နှစ် မောင်းကာ စိုင်းဝင်းရှဲန်(၂၅)နှစ် လိုက်လာသည့် Toyota Crown(အဖြူရောင်)ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားနောက်ဖုံးအခန်းတွင်း စက္ကူဖာ၊ဆာလာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား ၅ သိန်းပြားအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ပြင် စိုင်းဆိုင်းရွက်ဖူး၏ ခါးကြားမှ USA လုပ် ပစ္စတိုသေနတ်တစ်လက်နှင့်၎င်းကျည် ၅ တောင့်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရမိသူများအားစစ်ဆေးရာ စိတ်ကြွဆေးပြားများအား သယ်ဆောင်ရောင်းဝယ်ရာ၌ပါဝင်သည့် စိုင်းခမ်းထောင်း(၃၀)နှစ် အား ဇူလိုင် ၃ ရက်နံနက် ၉ နာရီတွင် ကျိုင်းတုံမြို့စျေးတန်းကြီးလမ်းနှင့်နောင်ခိုက်လမ်းကြားတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ကျိုင်းတုံမြို့မရဲစခန်းက မူးယစ်ဆေး၎င်ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအ ရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအားထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here