၂၀၂၃ ခုနှစ် ယူကရိန်း ပြန်လည်ထူထောင်ရေး ညီလာခံကို ဗြိတိန်မှ ဦးဆောင်ကျင်းပသွားမည်

0
103

၂၀၂၃ ခုနှစ် ယူကရိန်း ပြန်လည်ထူထောင်ရေး ညီလာခံကို ဗြိတိန်မှ ဦးဆောင်ကျင်းပသွားမည်

လန်ဒန်၊ ဇူလိုင် ၃ ရက်

 ဗြိတိန်က ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်ပျက်စီးသွားသော ယူကရိန်းနိုင်ငံအား ပြန်လည်နလန်ထူလာနိုင်စေရန် အာရုံစိုက်ဆွေးနွေးသွားမည့် ညီလာခံတစ်ရပ်ကို ၂၀၂၃ ခုနှစ်တွင် ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးရုံးက ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့၌ ဇူလိုင်လ ၄ ရက် တနင်္လာနေ့တွင် စတင်ကျင်းပသော URC2022 ညီလာခံတွင် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့အတူ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို စုစည်း၍ ယူကရိန်းအား မည်သို့ပြန်လည်တည်ဆောက်သွားမည်ကို ဆွေးနွေး​နေကြသည်။


ဗြိတိန်သည် နောက်နှစ် ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် ယူကရိန်းနှင့် အခြားနိုင်ငံများနှင့်အတူ လက်တွဲလုပ်ဆောင်နေပြီး ပြန်လည်ထူထောင်ရေးဆိုင်ရာ အစီအမံများနှင့် ပတ်သက်၍ ယူကရိန်းနှင့် ၎င်း၏မဟာမိတ်နိုင်ငံများကြား ညှိနှိုင်းကူညီရန်အတွက် ကြီးကြပ်ရေးဘုတ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နောက်နှစ်ညီလာခံကို လန်ဒန်တွင် ကျင်းပသွားရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျ​နော်တို့ ယူကရိန်းစစ်ပွဲအတွင်းတုန်းကလည်း ဦးဆောင် ပံ့ပိုးကူညီမှုတွေလုပ်ခဲ့သလို ယူကရိန်းအစိုးရ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှာလည်း ဆက်ပံ့ပိုးသွားပါမယ်”ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ် ကပြောကြားခဲ့သည်။


ယူကရိန်းသမ္မတ ဇလန်စကီးက ကိယက်ဗ်မြို့နှင့် အနီးတဝိုက်ဒေသများ ပြန်လည်ထူထောင်ရာ၌ ဦးဆောင်၍ ကူညီပံ့ပိုးပေးပါရန် ဗြိတိန်ကို တောင်းဆိုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ဗြိတိန်က၄င်း၏ ​ငွေ​ကြေးဆိုင်ရာ ကျွမ်းကျင်မူများဖြင့် ယူကရိန်းနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ​ရောက်ရှိလာ​အောင်ကူညီသွားရန်  ကတိပြုခဲ့သည်။

ဗြိတိန်သည် နိုင်ငံစုံချေးငွေအတွက် ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ အာမခံချက် အပါအဝင် ပေါင်သန်း ၁၀၀ (ဒေါ်လာ သန်း ၁၂၀) ကျော် ကူညီ  ထောက်ပံ့သွားရန် သဘောတူထားပြီးဖြစ်သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here