ထိုင်း – မြန်မာနယ်စပ်က AA တပ်စခန်းကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်၊ တပ်ဖွဲ့ဝင်အချို့ကျဆုံးကာ အဆောက် အဦအချို့ ပျက်ဆီးခဲ့ဟုဆို

0
204

ထိုင်း – မြန်မာနယ်စပ်က AA တပ်စခန်းကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်၊ တပ်ဖွဲ့ဝင်အချို့ကျဆုံးကာ အဆောက် အဦအချို့ ပျက်ဆီးခဲ့ဟုဆို

ထိုင်း – မြန်မာ နယ်စပ်က ရက္ခိုင့်တပ်တော်  AA ၏ တပ်စခန်းတစ်ခုအား မြန်မာ့တပ်မတော်က ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့်  AA တပ်ဖွဲ့ဝင်အချို့ ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AAက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင်  မြန်မာ – ထိုင်းနယ်စပ်အနီး KNLA တပ်မဟာ (၅) နယ်မြေအတွင်းရှိ AA ၏ တပ်စခန်းတစ်ခုအား ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။


၎င်းစခန်းအနီး ပတ်ဝန်းကျင်ရှိ AA တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရခဲ့ပြီး ဆေးရုံ၊ဆေးခန်း၊ စက်ချုပ်စက်ရုံ အပါအဝင် အဆောက်အဦအချို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဂျက်တိုက်လေယာဉ် ၂ စီးသည် နယ်စပ်အနီးရှိ မိမိတို့၏ တပ်စခန်းအား ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့  ဝင်ရောက်သွားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here