တရုတ်သမ္မတရှီနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည့် ဟောင်ကောင်အမတ်တွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ

0
142

တရုတ်သမ္မတရှီနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည့် ဟောင်ကောင်အမတ်တွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ

ဟောင်ကောင်အမတ်တစ်ဦးတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ဇူလိုင် (၃) ရက်နေ့၌ AFP သတင်းဌာနကဆိုသည်။ဟောင်ကောင်အား တရုတ်နိုင်ငံသို့ပြန်လည် လွှဲပြောင်းခြင်း ၂၅ နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာသော တရုတ်သမ္မတရှီကျင့်ဖျင်နှင့်အတူ ဓာတ်ပုံရိုက်ကူးပြီးနောက် အဆိုပါအမတ်တွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်ရန်တင်းကျပ်သောအစီအမံများကို ချမှတ်ခဲ့သော်လည်း ယခုကဲ့သို့ဖြစ်လာသဖြင့်စိုးရိမ်မှုများလည်းမြင့်တက်လာ​နေသည်။

ဟောင်ကောင်မှ အသက် ၄၂ နှစ်အရွယ်ရှိ အမတ် Steven Ho Chun-yin တွင်ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည်ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် ရှီနှင့်အနီးကပ်ရှိခဲ့သောအရာရှိတစ်ရာခန့်ထဲမှတစ်ဦးဖြစ်သည်။

 လွှတ်တော်အမတ်သည် ရှီ၏ခရီးစဉ်ပထမနေ့တွင် ရောဂါမရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီး သောကြာနေ့တွင် မသေချာသောစစ်ဆေးမှုအ​ဖြေပြန်ဖြစ်လာခဲ့ကြောင်းအစီရင်ခံစာများတွင် ဖော်ပြထားသည်။ထိုသို့စမ်းသပ်မှုရလာဒ်အပြီး သောကြာနေ့မှစကာ မည်သည့်ပွဲတွင်မှမပါဝင်ခဲ့ပဲ သီးခြားခွဲ၍ ​နေထိုင်ခဲ့သည်။

တရုတ်သမ္မတရှီ နှစ်ရက်ကြာလာရောက်ခဲ့သော ပထမဆုံးနေ့ဖြစ်သည့် ဇွန်လ ၃၀ ရက်နေ့တွင် ဓာတ်ပုံရိုက်ကူးမှုပြုလုပ်ခဲ့သည်။၎င်းသည် တတိယတန်းအလယ်သမ္မတနောက်တွင်ရပ်နေခဲ့ပြီး ဓာတ်ပုံရိုက်နေစဉ်အတွင်း လူတိုင်းသည်နှာခေါင်းစည်းဝတ်ဆင်ထားကြသည်။

Ho သည် ရှီ၏ခရီးစဉ်အတွင်း ကိုဗစ်စစ်ဆေးတွေ့ရှိခဲ့သည့် DAB ပါတီ၏ ဒုတိယမြောက်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ပေကျင်းထိပ်တန်းဥပဒေပြုအဖွဲ့၏ တစ်ဦးတည်းသော ဟောင်ကောင်ကိုယ်စားလှယ် Tam Yiu-chung သည်လည်း ကြာသပတေးနေ့တွင် ကိုဗစ်ရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့သောကြောင့်ပွဲအားလုံးကို မတက်ရောက်ခဲ့ပေ။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here