အီတလီအဲလ်ပ်စ်တောင်တန်းရှိ ရေခဲမြစ်အရည်ပျော်မှုကြောင့် အနည်းဆုံးခြောက်ဦးသေဆုံး

0
171

အီတလီအဲလ်ပ်စ်တောင်တန်းရှိ ရေခဲမြစ်အရည်ပျော်မှုကြောင့် အနည်းဆုံးခြောက်ဦးသေဆုံး

ရောမ၊ဇူလိုင် ၃

အီတလီအဲလ်ပ်စ်တောင်တန်း၌ တနင်္ဂနွေနေ့ကစံချိန်တင်အပူချိန်ကြောင့် ရေခဲမြစ်အရည်‌ပျော်ကျခဲ့ပြီးအနည်းဆုံး လူခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောသည်။

တိုရန်တိုပြည်နယ်အစိုးရကမူ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး သေဆုံးမှုလည်းထပ်မံပေါ်ပေါက်လာနိုင်သည်ဟုပြောကြားခဲ့သည်။ယခုနှင်းထုပြိုကျမှုသည် မီတာသုံးထောင်ကျော်အမြင့်ရှိသည့် Marmolada တောင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသူများကို အနီးနားရှိ Belluno၊ Treviso၊Trento နှင့် Bolzano မြို့များရှိ ဆေးရုံများသို့ပို့ဆောင်ခဲ့ကြောင်း Veneto ဥက္ကဋ္ဌ Luca Zaia ကပြောကြားခဲ့သည်။

တောင်တက်သမားများနှင့်၎င်းတို့ အသုံးပြုလေ့ရှိသောလမ်းကြောင်းပေါ်ရှိ Punta Rocca အနီးတွင် ရေခဲထုကြီးပြိုကျခဲ့ကြောင်း Alpine ကယ်ဆယ်ရေးယူနစ်မှ ပြောကြားခဲ့သည်။ကံကောင်းထောက်မသဖြင့် ရာသီဥတု အခြေအနေကောင်းမွန်သော်လည်းနောက်ထပ်ပြိုကျမှုများ ဖြစ်လာနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောသည်။

အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ရဟတ်ယာဉ်များနှင့်ခွေးများကို အသုံးပြုခဲ့သည်။အီတလီရှိ နွေရာသီအစောပိုင်း အပူလှိုင်းတစ်ခုသည် စနေနေ့၌ Marmolada တွင် အပူချိန်တစ်ဆယ်ဒီဂရီစင်တီဂရိတ် (၅၀ ဖာရင်ဟိုက်) ထိရှိခဲ့ကြောင်း Zaia ကပြောကြားခဲ့သည်။

ပျမ်းမျှအပူချိန် မြင့်တက်လာခြင်းကြောင့် Marmolada ရေခဲမြစ်သည် ကမ္ဘာတစ်ဝှမ်းရှိ အခြားမြစ်များကဲ့သို့ပင် မကြာသေးမီဆယ်စုနှစ်များအတွင်းတဖြည်းဖြည်းသေးငယ်သွားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here