မြန်မာ-ထိုင်း နှစ်နိုင်ငံကြားတွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်

0
104

မြန်မာ-ထိုင်း နှစ်နိုင်ငံကြားတွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်ထိုင်းနိုင်ငံ၊ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွန်းဝီနိုင်းတို့သည် ဇူလိုင် ၄ ရက်က သီးခြားတွေ့ဆုံခဲ့ကြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျင်းပသည့် ၇ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ 

ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့်နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးတို့အား ဆွေးနွေးခဲ့ကြသည်။ 

အလားတူ အာဆီယံတူညီဆန္ဒ ၅ ရပ် အကောင် အထည်ဖော်နေမှုနှင့်နှစ်နိုင်ငံကြားဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာဆက် လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေး နွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here