တရားဥပဒေစိုးမိုးရေး၊နယ်မြေလုံခြုံရေးတို့အား တိုင်းစစ်ဌာနချုပ်နှင့်နယ်မြေခံ ရေတပ်၊လေတပ် ဌာနချုပ်များမှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ အမြဲအသင့်ဖြစ်နေရမည်ဟု နစက ဥက္ကဋ္ဌပြော

0
349

တရားဥပဒေစိုးမိုးရေး၊နယ်မြေလုံခြုံရေးတို့အား တိုင်းစစ်ဌာနချုပ်နှင့်နယ်မြေခံ ရေတပ်၊လေတပ် ဌာနချုပ်များမှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ အမြဲအသင့်ဖြစ်နေရမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌမှ ဧရာဝတီတိုင်း၊ပုသိမ်မြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်အား ဇူလိုင် ၄ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နယ်မြေဒေသနဲ့ပိုင်နက်ပင်လယ်ပြင်စိုးမိုးရေးအ တွက် ရေဒါစနစ်နဲ့ ကင်းထောက်တာ လေ ကြောင်း၊ရေကြောင်းကင်းလှည့်တာတွေကို ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“ပိုင်နက်နယ်နိမိတ်အတွင်းမှာ တရားဥပဒေစိုးမိုးရေး နယ်မြေလုံခြုံရေးတွေကို တိုင်းစစ်ဌာနချုပ်နဲ့နယ်မြေခံ ရေတပ်၊လေတပ်ဌာနချုပ်တွေကပူး ပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး အမြဲအသင့်ဖြစ်နေရပါမယ် ပင်လယ်ကမ်းစပ်နဲ့မြစ်ဝကျွန်းပေါ်လုံ ခြုံရေးကို လုံခြုံရေးအသိ၊လုံခြုံရေးသတိနဲ့ အမြဲတမ်းစောင့်ကြည့်နေရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မွေးမြူရေးနှင့်စိုက်ပျိုးရေးအား အပြန် အလှန်အခြေခံ၍ အထွက်နှုန်းကောင်းကာ အကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေးဖြစ်စေရန် တွက်ချက်ဆောင်ရွက်ကြစေလိုသည်ဟု နစက ဥက္ကဋ္ဌကပြောကာ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကို လမ်းညွှန်မှာကြားခဲ့သည်။

အလားတူ နစက ဥက္ကဋ္ဌအား ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်းက လေတပ်စခန်းဌာနချုပ်၏ စစ် ဦးစီး၊စစ်ရေး၊စစ်ထောက်ဆိုင်ရာအကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊နယ် မြေဒေသလုံခြုံရေးနှင့်ပိုင်နက်ပင်လယ်ပြင်လုံခြုံ ရေးကင်းလှည့်ဆောင်ရွက်နိုင်မှု၊အရာရှိ၊စစ် သည်၊မိသားစုများ၏ သက်သာချောင်ချိရေးဆောင်ရွက်ပေးနိုင်မှု၊စိုက်ပျိုးမွေးမြူရေးအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ဒေသခံများ ၏ကျန်းမာရေး၊လူမှုရေးနှင့်အခြားလိုအပ်သည်များအား ကူညီဆောင်ရွက်ပေးနိုင်မှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် လေတပ်ဌာနချုပ်ရှိ ကာ ကီကင်းဘဲမွေးမြူရေးခြံ၊ဥစားကြက်မွေးမြူရေးခြံ၊ရာသီသီးနှံစိုက်ခင်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here