ရုရှားဘက်မှ ရပ်တည်​နေသည့် ဘီလာရုစ်ခေါင်းဆောင် လူကာရှန်ကို

0
52

ရုရှားဘက်မှ ရပ်တည်​နေသည့် ဘီလာရုစ်ခေါင်းဆောင် လူကာရှန်ကို

မော်စကိုနှင့် ပြည်ထောင်စုနိုင်ငံအဖြစ် ကာလကြာရှည်စွာ ရပ်တည်မည်ဟု ကတိကဝတ်ပြုထားသော ဘီလာရုစ်နိုင်ငံ၏သမ္မတက ၎င်း၏ ကတိကဝတ်ကို ပြသသည့်အနေဖြင့် ရုရှား-ယူကရိန်း စစ်ပွဲ၌ ရုရှားဖက်ကအပြည့်အဝရပ်တည်ကြောင်း ဇူလိုင်လ ၃ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

၁၉၉၄ ခုနှစ်၌ အာဏာရရှိခဲ့သော ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို သည် ရုရှားတပ်များ ယူကရိန်းသို့စစ်ချီရာတွင် ၎င်း၏ပိုင်နက်ကို အသုံးပြုခွင့်ပေးခဲ့သည်။

ဘီလာရုစ်သမ္မတက ထိုသို့ ထုတ်ပြန်ခဲ့ခြင်းကြောင့် ယူကရိန်းသမ္မတ ဇလန်စကီးက ဘီလာရုစ်၏လုပ်ရပ်များကိုလည်း ဂရုတစိုက်စောင့်ကြည်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ပြီး ဘီလာရုစ်သည် မကြာမီ ရုရှား-ယူကရိန်း ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်လာနိုင်ကြောင်း ယူကရိန်းအရာရှိအချို့က သုံးသပ်ထားသည်။

ဒုတိယကမ္ဘာစစ်၌ ဆိုဗီယက်တပ်များကြောင့် လွတ်လပ်ရေးရခဲ့သည့် Minsk ဒေသ၏ လွတ်မြောက်ရေး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား၌ လူကာရှန်ကို က ဖေဖော်ဝါရီနှောင်းပိုင်း ယူကရိန်းအရေးအခင်း စတင်ခဲ့သည့် ပထမနေ့မှစ၍ ၎င်းသည် ရုရှ၏နောက်တွင် မားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘီလာရုစ်သည် ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့သော နိုင်ငံတစ်ခုဖြစ်ပြီး ကရင်မလင်ခေါင်းဆောင် ဗလာဒီမာပူတင်၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here