တစ်ခါသုံးပလတ်စတစ် ထုတ်လုပ်ရောင်းချခြင်းကို တားမြစ်ပိတ်ပင်လိုက်သည့် အိန္ဒိယ

0
195

တစ်ခါသုံးပလတ်စတစ် ထုတ်လုပ်ရောင်းချခြင်းကို တားမြစ်ပိတ်ပင်လိုက်သည့် အိန္ဒိယ

အိန္ဒိယ၏ မြစ်‌ချောင်းများတွင် ပလတ်စတစ်အမှိုက်များ များပြားလာခြင်းနှင့် ပလတ်စတစ်ကြောင့် တောရိုင်းတိရစ္ဆာန်များ အဆိပ်သင့်ခြင်း စသည်တို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တစ်ခါသုံးပလတ်စတစ် အများအပြား ထုတ်လုပ်ရောင်းချခြင်း တားမြစ်သည့်ဥပဒေအသစ်ကို ဇူလိုင်လ ၁ ရက်နေ့ သောကြာနေ့တွင် ချမှတ်ခဲ့သည်။

သိုရာတွင် ဤအခြေအနေအတွက် မပြင်ဆင်ရသေးသော ထုတ်လုပ်သူများနှင့် သုံးစွဲသူများကြောင့် ယင်းဥပဒေကို အကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

အိန္ဒိယသည် တစ်နှစ်လျှင် ပလတ်စတစ်အမှိုက်တန်ချိန် လေးသန်းခန့် စွန့်ထုတ်နေပြီး ယင်းအနက် သုံးပုံတစ်ပုံခန့်သည် ပြန်လည်အသုံးပြုခြင်းမပြုဘဲ မြစ်ချောင်းများနှင့် အမှိုက်ပုံများတွင်သာ အဆုံးသတ်သွားကြောင်း သိရသည်။

နွားများ ပလပ်စတစ်မြုံ့နေလေ့ရှိသည့် မြင်ကွင်းများကိုလည်း အိန္ဒိယမြို့ကြီးများတွင် တွေ့ရလေ့ရှိပြီး Uttarakhand ပြည်နယ် မြောက်ပိုင်း သစ်တောများရှိ ဆင်များ၏ မစင်တွင်လည်း ပလတ်စတစ်များ ပါဝင်နေကြောင်း မကြာသေးမီက လေ့လာတွေ့ရှိခဲ့သည်။

အဆိုပါတားမြစ်ချက်အသစ်၌ ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော အချိုရည်သောက်ပိုက်များ၊ ခွက်များနှင့် စီးကရက်ဘူး ထုတ်ပိုးရာတွင်သုံးသည့် ပိုလစ်တလင်း ပလတ်စတစ်များ ပါဝင်သည်။ သိုသော်ပလပ်စတစ်အထူသုူံကာ ထုပ်ပိုးထားသည့် ထုတ်ကုန်များကိုမူ ကင်းလွတ်ခွင့်ပြုထား​သေးသည်။

ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ၂၀၁၈ ခုနှစ်၌ ထုတ်ပြန်ခဲ့သော ပထမဆုံးတားမြစ်ချက်အပြီးတွင် ပလတ်စတစ်များအသုံးပြုခြင်းကို အာဏပိုင်များမှ ပြင်းထန်စွာ နှိမ်နှင်းသွားမည်ဖြစ်ကြောင်း​ပြောခဲ့သည်။

စစ်ဆေးရေးမှူးများသည် သောကြာနေ့မှ စတင်၍ တင်သွင်းသူနှင့် ဖြန့်ဖြူးရောင်းချသူများ စည်းမျဉ်းများ ချိုးဖောက်ခြင်း ရှိမရှိ လိုက်လံစစ်ဆေးကာ တွေ့ရှိပါက အမြင့်ဆုံးဒဏ်ငွေ ရူပီး ၁ သိန်း( မြန်မာငွေကျပ် သိန်းတစ်ထောင့်သုံးရာကျော်) သိုမဟုတ် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here