ကောလင်းမြို့နယ်တွင် ကျောင်းဆရာ၊ဆရာမ မောင်နှမနှစ်ဦးအား လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု နစက ထုတ်ပြန်

0
192

ကောလင်းမြို့နယ်တွင် ကျောင်းဆရာ၊ဆရာမ မောင်နှမနှစ်ဦးအား လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်ရှိ အ.မ.က ကျောင်းများ၌စာသင်ကြားပေးနေသည့် ကျောင်း ဆရာ၊ဆရာမ မောင်နှမ ၂ ဦးအား လက်နက်ကိုင်အဖွဲ့ဝင်များက ဇူလိုင် ၃ ရက်နံနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ပြီးနောက် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က သရက်ခုံကျေးရွာနေသူများဖြစ်ကာ မောင်းကော်ကျေးရွာရှိ အ.မ.က ကျောင်း၌ စာသင်ကြားနေသည့် ကျောင်းဆရာဦးဇော်ဝင်းသိန်း(၄၃)နှစ်နှင့်သရက်ခုံကျေးရွာရှိ အ.မ.က ကျောင်း၌စာသင်ကြားနေသည့် ၎င်း၏ညီမဖြစ်သူ ကျောင်းဆရာမ မဥမ္မာဝင်း(၂၇)နှစ်တို့ နေအိမ်တွင်ရှိနေစဉ် လက်နက် ကိုင်အဖွဲ့ဝင် ၂၀ ဦးရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် နေအိမ်အတွင်းဝင်ရောက်ကာ ၎င်းတို့ ၂ ဦးအားဖမ်းဆီး၍ သရက်ခုံကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာ အင်ကြောဇင်ကျေးရွာအနီး(မောင်းသွန်းကုန်း)တံတားအနီးအရောက် သေနတ်များပစ်သတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ကျောင်းဆရာ၊ဆရာမ မောင်နှမ ၂ ဦးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here