တစ်မျိုးသားလုံး၏ ပညာရည်မြှင့်တင်ခြင်းကို (၁၀) နှစ်အတွင်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်မည်ဟု နစက ဥက္က ဋ္ဌပြော

0
170

တစ်မျိုးသားလုံး၏ ပညာရည်မြှင့်တင်ခြင်းကို (၁၀) နှစ်အတွင်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်မည်ဟု နစက ဥက္က ဋ္ဌပြော

တိုင်းပြည်အတွက် အခြေခခံကျသည့် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်ခြင်း လုပ်ငန်းကို (၅) နှစ်မှ (၁၀) နှစ်အထိ အရှိန်အဟုန် ပြင်းပြင်းဖြင့် ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်တပ်နယ်အတွင်းက တပ် မတော်သားများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တိုင်းပြည်အတွက် အခြေခံကျသည့် တစ်မျိုးသားလုံး ပညာရည်မြှင့်တင် ရေးလုပ်ငန်းကို နိုင်ငံတော်၏ အနာ ဂတ်အတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပါတယ်။ အနည်းဆုံး (၅) နှစ်မှ (၁၀) နှစ်အထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များများစွာ ရှိနေပြီး ပညာတတ်မြောက်မှသာ အသိပညာဗဟုသုတများလည်း တိုးတက်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ပညာတတ်များ ပေါများလာစေရန်မှာလည်း ကျန်းမာကြံ့ခိုင်မှုသည်လည်း အရေးကြီးသဖြင့် ပညာရည်မြှင့်တင်ရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဟန်ချက်ညီ မြှင့်တင်သွားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် (၅) နှစ်အထက် ကျောင်းမနေဖူးသူ ဦးရေ (၈.၁) ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်နှင့် အထက် ၁၂.၈ သန်းသည် မူလတန်းအောက် ပညာအရည်အချင်းသာရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here