နိုင်ငံရေးသမားများ နိုင်ငံရေးရင့်ကျက်မှု လိုအပ်နေသေးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
198

နိုင်ငံရေးသမားများ နိုင်ငံရေးရင့်ကျက်မှု လိုအပ်နေသေးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

မြန်မာနိုင်မှ နိုင်ငံရေးသမားများ အနေဖြင့် နိုင်ငံရေး ရင့် ကျက်မှု လိုအပ်နေသေးကြောင်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဇူလိုင်(၄) ရက်က ပုသိမ် တပ်နယ်ရှိ အရာရှိ၊ အရာခံ၊ အ ကြပ်၊ စစ်သည်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မိမိတို့နိုင်ငံရှိ နိုင်ငံရေးဆောင်ရွက်သူများအနေဖြင့် နိုင် ငံရေးရင့်ကျက်မှုနှင့် သဟဇာတဖြစ်မှုများရှိရန် လိုအပ်နေသေးသည်ကို တွေ့ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ပြည်သူများကို ကြည့်မည်ဆိုပါကလည်း နိုင်ငံ ရေးနှင့် ပတ်သက်၍ သိရှိနားလည်သူများရှိသကဲ့သို့ သိရှိနားလည်မှု အားနည်းသူများလည်းရှိကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ နိုင်ငံရေးအသိ အားနည်းရခြင်းမှာ နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရေး အခြေအနေနှင့် ဆက်စပ်နေပြီး နိုင်ငံရေး အသိအမြင်နည်းပါးပါက သွေးထိုးမှုများကို ခံရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ခေတ်အ ဆက်ဆက်တွင် နိမ့်ကျခဲ့ပြီး အတန်းပညာ ပြီးမြောက်သူ အရေအ တွက်လည်း နည်းပါးခဲ့ကြောင်း၊ ထိုကဲ့သို့ ပညာရည်အား နည်းသဖြင့် အသိပညာဖက်တွင်လည်း အားနည်းလာရကြောင်း တပ်မတော်သားများကို ပြောကြားရာတွင် ထည့် သွင်း ပြောကြားသွားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၉၈၈ ခုနှစ် အာ ဏာသိမ်း ဖြစ်စဉ်စဉ်နှင့် ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကြပ်ရိုက်မှု ဖြစ်စဉ်များကို နှိုင်းယှဉ် ပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် တပ်မတော်၏ နိုင် ငံတော့ တာဝန်ထမ်းဆောင်မှုအပေါ် နိုင်ငံရေးအရ နာ ကြည်းမှုများ ယခုအချိန်အထိ ရှိနေသေးကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here