ဘန်ကောက်မြို့၌ အလုပ်လုပ်ရန် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၀ ဦးပရာ့ကျွပ်ခရိုင်၌ဖမ်းဆီးခံရ

0
140

ဘန်ကောက်မြို့၌ အလုပ်လုပ်ရန် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၀ ဦးပရာ့ကျွပ်ခရိုင်၌ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၀ ဦးသည် ဇူလိုင် ၃ ရက်ညပိုင်းက ပရာ့ကျွပ်ခရိုင်အတွင်း၌ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပရာ့ကျွပ်ခရိုင်မှတာဝန်ရှိသူများက တရားမဝင်ဝင်ရောက်လာသူများမရှိစေရန် လှည့်လည်စစ်ဆေးစဥ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ၎င်းတို့အားခေါ်ဆောင်လာသည့် ပွဲစားဖြစ်သူအား ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများမှာ အမျိုး သား ၁၅ ဦးနှင့်အမျိုးသမီး ၅ ဦးတို့ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ပဲခူး၊နေပြည်တော်တို့မှတဆင့် လာရောက်သူများဖြစ်ကာ ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၈၀၀၀ ခန့်မှ ၃၀၀၀၀ ခန့်အထိပေးချေခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here