အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ရန်ကုန်လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ပြန်လည်ထွက်ခွာ

0
112

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ရန်ကုန်လေဆိပ်မှ ကမ္ဘော ဒီးယားနိုင်ငံသို့ပြန်လည်ထွက်ခွာ

မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အာဆီယံအ လှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ် စားလှယ်၊ကမ္ဘောဒီးယားနိုင်ငံဒု-ဝန်ကြီးချုပ်၊နိုင်ငံ ခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးမစ္စတာပရပ်ဆုတ်ခွန်းနှင့်ကိုယ် စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက်(ယနေ့)နံနက် ၁၁ နာရီခွဲက ရန်ကုန်လေဆိပ်မှတဆင့်ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အတူ ဗီယက်နမ်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့်လာအိုနိုင်ငံစားလှယ်အဖွဲ့တို့လည်း လိုက်ပါသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပြန်လည်ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီး ဌာန၊မဟာဗျူဟာ‌လေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဖြိုးဝင်း၊သံတမန်ရေးရာဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးဇော်ထွန်းဦးနှင့်တာဝန်ရှိသူများက ပို့ ဆောင်နှုတ်ဆက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here