သံချေးတက်နေသဖြင့် ပြန်လည်ပြုပြင်ရမည့် ပဲရစ်ရှိအီဖယ်လ်မျှော်စင်

0
220

သံချေးတက်နေသဖြင့် ပြန်လည်ပြုပြင်ရမည့် ပဲရစ်ရှိအီဖယ်လ်မျှော်စင်

ပဲရစ်၊ ဇူလိုင် ၄ ရက်
ကမ္ဘာ့အထင်အရ အဆောက်များထဲမှ တစ်ခုဖြစ်သည့် ပဲရစ်မြို့ရှိအီဖယ်လ်မျှော်စင်သည် သံချေးများတက်နေပြီး အပြည့်အဝ ပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်း ပြင်သစ်မဂ္ဂဇင်း Marianne က​ဖော်ပြထားသည်။

၂၀၂၄ အိုလံပစ်အားကစားပြိုင်ပွဲကို ပဲရစ်မြို့တွင် ကျင်းပမည်ဖြစ်သောကြောင့် ယူရိုသန်း ၆၀ ကုန်ကျခံကာ အီဖယ်လ်မျှော်စင်ကို ပြန်လည်ဆေးသုတ် အလှဆင်လျက်ရှိသည်။ဆောက်လုပ်ပြီးစီးခဲ့သည့် အချိန်မှစ၍ အကြိမ် ၂၀ မြောက် ဆေးပြန်လည်သုတ်ခြင်းဖြစ်သည်။

၁၉ ရာစုနှစ်နှောင်းပိုင်း၌ Gustave Eiffel မှ တည်ဆောက်ထားသော ၃၂၄ မီတာ (၁,၀၆၃ ပေ) မြင့်သည့် အဆိုပါမျှော်စင်သို့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ခြောက်သန်းခန့် လာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။

Marianne မဂ္ဂဇင်းမှကိုးကားချက်အရ အဆိုပါမျှော်စင်သည် ခိုင်ခံမှု အားနည်းလာပြီး သံချေးများလည်း စွန်းထင်းနေကြောင်း ကျွမ်းကျင်သူများ၏လှို့ဝှက်အစီရင်ခံစာအရ သိရသည်။

၎င်းမျှော်စင်ကို ကြီးကြပ်သည့် Societe d’Exploitation de la Tour Eiffel (SETE) ကုမ္ပဏီကိုမှတ်ချက်ပေးရန် ဆက်သွယ်ရာအ​ဖြေမရရှိသေးချေ။

SETE သည် ခရီးသွားဝင်ငွေများ ဆုံးရှုံးနိုင်သောကြောင့် မျှော်စင်ကို အချိန်ကြာမြင့်စွာ ပိတ်ရန် ဝန်လေးနေကြောင်း သိရသည်။

Source: Reuters

 


LEAVE A REPLY

Please enter your comment!
Please enter your name here