စင်္ကာပူသို့ ကြက်သားတင်ပို့မှု ပိတ်ပင်ထားခြင်းကိုရုတ်သိမ်း​ပေးရန် မလေးရှား မွေးမြူရေး လုပ်ငန်းရှင်များ​တောင်းဆို

0
171

စင်္ကာပူသို့ ကြက်သားတင်ပို့မှု ပိတ်ပင်ထားခြင်းကိုရုတ်သိမ်း​ပေးရန် မလေးရှား မွေးမြူရေး လုပ်ငန်းရှင်များ​တောင်းဆို

မလေးရှား ကြက်မွေးမြူရေး လုပ်ငန်းရှင်များက ကြက်သားတင်ပို့မှု တားမြစ်ထားချက်ကို ရုတ်သိမ်း​ပေးရန် မ​လေးရှားအစိုးရကို​တောင်းဆိုထားသည်။ခွင့်မပြုပါက စင်ကာပူဈေးကွက်ကို ဆုံးရှုံးလိမ့်မည်ဟုဆိုသည်။

ပြည်တွင်းဈေးကွက်တွင် ရောင်းလိုအား တည်ငြိမ်နေပြီဖြစ်ကြောင်းလည်း ၎င်းတို့ကပြောကြားခဲ့သည်။ ဇွန် ၁ ရက်မှ စတင်အသက်ဝင်ခဲ့သည့် ပို့ကုန်တားမြစ်ချက်ကို အဆုံးသတ်​ပေးရန်အတွက် အစိုးရနှင့် ဆွေးနွေးနေကြောင်း မလေးရှားမွေးမြူရေးလုပ်ငန်းရှင်များအသင်းများအသင်း (FLFAM) ၏ အကြံပေးအရာရှိ Jeffry Ng က ပြောကြားခဲ့သည်။

စင်္ကာပူဖောက်သည်များနှင့် နှစ်ပေါင်းများစွာ ဆက်ဆံရေးကိုပျိုး​ထောင်ထားကာ စာချုပ်များ ချုပ်ဆိုထားသောကြောင့် လုပ်ငန်းရှင်များကပူပန်​နေသည်ဟု ၎င်းက ဆိုသည်။

မလေးရှားတွင် ရောင်းလိုအားနှင့် ဈေးနှုန်းပြဿနာများကြောင့် တစ်လလျှင် ကြက် ၃.၆ သန်းအထိ တင်ပို့ခွင့် ပိတ်ပင်ထားသည်။ ထုတ်လုပ်မှုစရိတ် မြင့်တက်လာခြင်း၊ ရောဂါကူးစက်မှုနှင့် ရာသီဥတုအခြေအနေတို့သည် ကြက်ခြံများ၏ လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေသည့် အကြောင်းရင်းများဖြစ်သည်။

စင်ကာပူသည်ကြက်သားတင်သွင်းမှု၏ သုံးပုံတစ်ပုံခန့်ကိုမလေးရှားမှ တင်သွင်း​နေရာမှ အင်ဒိုနီးရှားမှ ကြက်များကို​ပြောင်းလဲ ဝယ်ယူသွားမည်ဟု ကြေညာခဲ့သည်။

စင်ကာပူနိုင်ငံသို့ ကြက်များတင်ပို့ရန် အသိအမှတ်ပြုထားသော နိုင်ငံပေါင်း ၂၀ကျော်စာရင်းတွင် အင်ဒိုနီးရှားသည် ရင်းမြစ်အသစ်အဖြစ် ထည့်သွင်းခံလာရပြီဖြစ်ကြောင်း စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) က ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

Johor ကြက်မွေးမြူသူများအသင်း အတွင်းရေးမှူး Lau Ka Leng က တင်ပို့မှုခွင့်မပြုပါက ​မွေးမြူ​ရေး လုပ်ငန်းရှင်များသည် ၎င်းတို့၏ စင်္ကာပူဖောက်သည်များ ဆုံးရှုံးမည်ကို စိုးရိမ်နေကြကြောင်း CNA သို့ ပြောကြားခဲ့သည်။

“ဈေးကွက်တစ်ခု ဆုံးရှုံးသွားရင် ပြန်ရဖို့က လွယ်မှာ မဟုတ်ဘူး” ဟု၎င်းက ဆက်လက်ပြောသည်။
​မွေးမြူ​ရေးလုပ်​နေ​သောဂျိုဟိုးပြည်နယ်တွင် ကြက်ခြံ​ပေါင်း ၇၀၀ ရှိသည်။

Source: cna


LEAVE A REPLY

Please enter your comment!
Please enter your name here