မည်သည့် နိုင်ငံရေးအချို့အကွေ့တွင်မဆို ပါ၀င်ပတ်သက်နေသည့် အင်အားစုအားလုံး အစွဲကင်းစွာ တွေ့ဆုံဆွေးနွေခြင်းဖြင့် အဖြေရှာရန် MUP တိုက်တွန်း

0
159

မည်သည့် နိုင်ငံရေးအချို့အကွေ့တွင်မဆို ပါ၀င်ပတ်သက်နေသည့် အင်အားစုအားလုံး အစွဲကင်းစွာ တွေ့ဆုံဆွေးနွေခြင်းဖြင့် အဖြေရှာရန် MUP တိုက်တွန်း

မည်သည့် နိုင်ငံရေးအချိုးအကွေ့တွင်မဆို ပါ၀င်ပတ်သက်နေသည့် အင်အားစုအားလုံး အစွဲကင်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် မွန်ညီညွှတ်ရေးပါတီ(MUP)က တိုက်တွန်းကြောင်း ယမန်နေ့ ဇူလိုင် ၆ ရက် တွင် သဘောထားတစ်စောင် ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာအာဆီယံကိုယ်စားလှယ်နှင့်တွေ့ဆုံရာတွင်လည်း အာဆီယံ၏ဘုံသဘော တူညီချက် (၅) ချက်ကို ကြိုဆိုကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်းကောင်း၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သော ဇူလိုင် ၁ ရက်က အာဆီယံအထူးကိုယ်စားလှယ်နှင့် မွန်ညီညွှတ်ရေးပါတီတို့ တွေ့ဆုံအပြီး မွန်ညီညွှတ်ရေးပါတီက အချက်(၅) ချက်ပါ သဘောထားတစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်မှာ နိုင်ငံရေးပဋိပက္ခများကို တွေ့ဆုံဆွေးနွေးခြင်းနည်းဖြင့် အဖြေရှာသွားရန်၊ မည်သည့် နိုင်ငံရေးအချိုးအကွေ့တွင်မဆို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုအားလုံး၏အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်သွားကြရန်၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ စနစ်နှင့်ကိုက်ညီသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားပါတီများ သာမက အခြားသော ဒီမိုကရေစီအင်အားစုပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာပြည်နယ်အလိုက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲအတည်ပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ရန် တို့ပါရှိသည်။

နိုင်ငံရေးပါတီများနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ ဇူလိုင် ၁ ရက် ကနေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီးနောက် ပါတီအသီးသီး၏ သဘောထားများကို ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

မွန်ညီညွှတ်ရေးပါတီသည် မွန်ပြည်နယ် မော်လမြိုင်အခြေစိုက် နိုင်ငံရေပါတီ တစ်ခုဖြစ်ပြီး၊ မွန်ညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်တင်အောင်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ကွယ်လွန်ခဲ့ပြီးနောက် လက်ရှိတွင် ဥက္ကဋ္ဌ တာဝန်ကို နိုင်လဝီအောင်က ဆက်လက်ထမ်းဆောင်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here