နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ PPST အဖွဲ့ဝင်များ ဆွေးနွေးနေ

0
105

နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ PPST အဖွဲ့ဝင်များ ဆွေးနွေးနေ

နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုရေးကိစ္စများနှင့် ပတ်သက်၍ PPST အဖွဲ့ဝင်များ (၂) ရက်တာဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၁/၂၀၂၂) ကို ဇူလိုင် (၅) ရက်မှ (၆) ရက်ကျင်းအထိ ကျင်းပနေခြင်း ဖြစ်သည်။

အဆိုပါ အစည်းအ‌ဝေးတွင် နိုင်ငံ‌ရေး ပြဿနာကိုနိုင် ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံ‌ရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးနှင့် အရပ် သားများအား အကာအကွယ်ပေးရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးတိုင်ပင်ကြရန် PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ဇူလိုင်လ (၅) ရက် အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားသည်။

ယခု အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် အာဆီယံကိုယ်စားလှယ်တို့နှင့် တွေ့ဆုံထားသည့် အဖွဲ့(၇) ဖွဲ့၏ တင်ပြချက်များအပေါ်လည်း ဝိုင်းဝန်းဆွေးနွေးသွားရန်လည်း ရှိနေသည်။

အာဆီယံကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့စဉ်ကလည်းလက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် ပါဝင်သင့်သူများ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာ အကွယ်ပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးကူညီမှုများ ရရှိရေးတို့ကို အလေးထား အကောင်အထည် ဖော်ကူညီသွားရန် တိုက်တွန်းနိုင်ခဲ့ကြောင်း နိုင်အောင်မင်းက ပြောသည်။

PPST အစည်းဝေးသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရခိုင်လွတ်မြောက် ရေးပါတီ (ALP) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP)တို့ တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here