ပြည်တွင်းသုံးငွေကြေးအဖြစ် ရွှေဒင်္ဂါးများ ထုတ်လုပ်အသုံးပြုသွားမည့် ဇင်ဘာဘွေနိုင်ငံ

0
256

ပြည်တွင်းသုံးငွေကြေးအဖြစ် ရွှေဒင်္ဂါးများ ထုတ်လုပ်အသုံးပြုသွားမည့် ဇင်ဘာဘွေနိုင်ငံ

ဇင်ဘာဘွေနိုင်ငံသည် ပြည်တွင်းငွေကြေးစနစ်ကို သိသိသာသာ အားနည်းသွားစေသည့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေစဉ် ဇူလိုင်လနှောင်းပိုင်း၌ ရွှေဒင်္ဂါးပြားကို တရားဝင်ငွေကြေးအဖြစ် စတင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်က ပြောကြားခဲ့သည်။

ဇင်ဘာဘွေ၏ ငွေကြေးဖောင်းပွလာမှုသည် ပြီးခဲ့သည့်လထက် နှစ်ဆမြင့်တက်လာကာ ၁၉၁ ရာခိုင်နှုန်း အထိတက်လာခဲ့သည်။

အဆိုပါ ရွှေဒင်္ဂါးများသည် ၎င်းနိုင်ငံ၏ ငွေကြေးတန်ဖိုး ပြန်လည်တည်ငြိမ်လာစေရန် လုပ်ဆောင်ပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ဝယ်လိုအားကို လျှော့ချနိုင်ရန် မျှော်လင့်ထားကြောင်း ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး John Mangudyao ကပြောကြားခဲ့သည်။ အမေရိကန်ဒေါ်လာသည် တိုင်းပြည်ငွေကြေးတန်ဖိုး ကျဆင်းမှုအတွက် အဓိကတရားခံဖြစ်သည်ဟုလည်း ပြစ်တင်ပြောဆိုမှုများ ရှိနေသည်။

အများပြည်သူများသည် ရွှေဒင်္ဂါများကို နိုင်ငံတကာရွှေပေါက်ဈေးနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်တို့ပေါ် မူတည်၍ ပြည်တွင်းသုံးငွေ၊ အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေများဖြင့် လဲလှယ်ဝယ်ယူနိုင်မည်ဟု Mangudyao ကဆိုသည်။

၎င်းရွှေဒင်္ဂါးများကို Mosi-oa-Tunya ဟု အမည်ပေးထားပြီး ငွေသားအဖြစ်သို့ ပြောင်းလဲကာ ပြည်တွင်းနှင့် နိုင်ငံတကာ၌ ရောင်းဝယ်ဖောက်ကားနိုင်မည် ဖြစ်သည်။

အဆိုပါ ရွှေဒင်္ဂါးများ၌ ရွှေတစ်ထရိုင်အောင်စ(၃၁ ဒသမ ၁၀ ဂရမ်) ပါဝင်မည်ဖြစ်ပြီး Fidelity Gold Refinery ရွှေသန့်စင်စက်ရုံ၊ Aurex လက်ဝက်ရတနာ ကုမ္ပဏီ နှင့် ပြည်တွင်းဘဏ်များမှ ရောင်းချသွားမည် ဖြစ်သည်။

ဇင်ဘာဘွေသည် ၂၀၀၀ ခုနှစ်များအတွင်း၌လည်း ဇင်ဘာဘွေဒေါ်လာ ဟုအမည်ရသည့် ငွေကြေးစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ သို့ရာတွင် ငွေကြေးအလွန်ဖောင်းပွမှုကြောင့် ကမ္ဘာ့တန်ဖို့အနိမ့်ဆုံးငွေကြေးအဖြစ်သို့ ကျဆင်းသွားပြီး ၂၀၀၉ ခုနှစ်တွင် ယင်းစနစ်ကို အပြီးတိုင် ဖျက်သိမ်းခဲ့ရသည်။

ထို့​ကြောင့် ဇင်ဘာ​ဘွေနိုင်ငံသားများကဗဟိုဘဏ်၏၏မူဝါဒအ​ပေါ်ဒွိဟစိတ်ဖြစ်​နေကြသည်များလည်းရှိသည်။

Source: TheGuardian

 


LEAVE A REPLY

Please enter your comment!
Please enter your name here