ယူကရိန်းဆန်တင်ပို့မှုအတွက် ပင်လယ်လမ်းကြောင်းဖွင့်ပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် G 20 ဖိအားပေးကြိုးပမ်းမည်

0
122

ယူကရိန်းဆန်တင်ပို့မှုအတွက် ပင်လယ်လမ်းကြောင်းဖွင့်ပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် G 20 ဖိအားပေးကြိုးပမ်းမည်

ဝါရှင်တန်၊ဇူလိုင် ၆

ယူကရိန်းပဋိပက္ခကြောင့် ပိတ်ဆို့ထားသော ပင်လယ်ရေကြောင်းလမ်းများကို ပြန်ဖွင့်ပေးရန်အတွက် ရုရှားအားဖိအားပေးရန် G20 နိုင်ငံများကို ယခုတစ်ပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တောင်းဆိုမည်ဖြစ်ပြီး မော်စကို၏ စစ်ပွဲကိုမထောက်ခံရန် တရုတ်ကို ထပ်မံသတိပေးမည်ဖြစ်သည်။

ကန်နိုင်ငံခြားရေးဝန်ကြီးသည် ဘာလီတွင်ကျင်းပမည့် G 20 အစည်းအဝေးကို တက်ရောက်ရန် ဇူလိုင် ၆ ရက်ဗုဒ္ဓဟူးနေ့၌လာ​ရောက်မည်ဖြစ်သည်။အဆိုပါအစည်းအဝေးကာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံမည်ဖြစ်ကာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့်တော့တွေ့ဆုံမည့်အစီအစဉ်မရှိ ဟုသိရှိရသည်။

အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည်ယူကရိန်းစစ်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပေါ်ရသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး ရုရှားကလည်း ယခုလိုဖြစ်ရခြင်းသည် အမေရိကန်ကဦးဆောင်ပြုလုပ်သော ပိတ်ဆို့အရေးယူမှုကြောင့်သာဖြစ်သည်ဟု ပြန်လည်ချေပထားသည်။

ရုရှားကတာဝန်ခံပြီးဆန်ပို့ဖို့ ပင်လယ်လမ်း​ကြောင်းများပြန်ဖွင့်ရန်အတွက် ကုလသမဂ္ဂ၏ကြိုးပမ်းအားထုတ်မှုများကိုG20 နိုင်ငံများက​ထောက်ခံ​ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယူကရိန်းသည် ၎င်း၏သင်္ဘောများ သွားလာမှုကို ရုရှားကပိတ်ဆို့ထားသည်ဟု စွပ်စွဲထားပြီး ယခုတစ်ပတ်တွင် တူရကီ၊ကုလသမဂ္ဂတို့နှင့်ပါ စပါးတင်ပို့မှု အတွက် အာမခံချက်များရရှိရန် ဆွေးနွေးနေကြောင်းပြောကြားခဲ့သည်။

သို့သော်ထိုအချက်ကိုရုရှားကငြင်းဆိုခဲ့ပြီး ၎င်း၏ပိတ်ဆို့မှုကြောင့်မဟုတ်ပဲ ယူကရိန်းက ၎င်း၏ဆိပ်ကမ်းများတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းများလုပ်‌နေခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။

Source – Reuters/fh

 


LEAVE A REPLY

Please enter your comment!
Please enter your name here