ပြည်ပတွင်ရောက်ရှိနေသူများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို မြန်မာနိုင်ငံသို့ပြန်၍ လျှောက်ထားရမည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

0
61

ပြည်ပတွင်ရောက်ရှိနေသူများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို မြန်မာနိုင်ငံသို့ပြန်၍ လျှောက်ထားရမည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းကုန် ဆုံး၍ သက်တမ်းတိုးရာတွင် မြန်မာနိုင်ငံသို့ပြန်ကာ သက်တမ်းတိုးရမည်ဟု လူမှုကွန်ယက်စာ မျက်နှာများ၌ရေးသားဖော်ပြလျက်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိ အလုပ်လုပ်ကိုင်၊နေထိုင်နေသည့် မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊အသစ်ထုတ်ပေးခြင်းလုပ်ငန်းများ၊ကောင်စစ်ဆိုင်ရာကိစ္စရပ်များအား ပြုလုပ်ပေးလျက်ရှိသည်။

ထို့အတူ မြန်မာသံရုံး၊အဖွဲ့ရုံး၊ကောင်စစ်ဝန်ချုပ်ရုံးများ၌ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များဖြစ်သည့် PB (Business Passport)၊ PT (Dependent Passport)၊ PJ (Job Passport)၊ PR (Religious Passport)၊ PS (Seaman Passport)၊ PE (Student Passport) နှင့် PV (Visit Passport) များအား သတ်မှတ်စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ သက်တမ်းတိုးပေးခြင်း၊အသစ်ထုတ်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိ ပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လူမှုကွန်ယက်စာမျက်နှာများ၌ ရေးသားဖော်ပြမှုများသည် သတင်းအမှားသာဖြစ်ပြီး မြန်မာသံရုံး၊အဖွဲ့ရုံး၊ကောင်စစ်ဝန်ချုပ်ရုံးများသည် သက်ဆိုင်ရာနိုင်ငံများ၌ ပုံမှန်အတိုင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here