အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်းသည် နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံတကာအကူအညီဖြင့် ဖြေရှင်းနိုင်ရေး လမ်းစဖြစ်ကြောင်း PPST ထုတ်ပြန်

0
283

အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်းသည် နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံတကာအကူအညီဖြင့် ဖြေရှင်းနိုင်ရေး လမ်းစဖြစ်ကြောင်း PPST ထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆွန်ခွန်နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုသည် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံတကာအကူအညီဖြင့် ဖြေရှင်းနိုင်ရေး လမ်းစဖြစ်သည်ဟု ယနေ့ ဇူလိုင် ၆ ရက် တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့( PPST) က ထုတ်ပြန်ကြေညာခဲ့သည်။

PPST အနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာအထောက်အကူပြုကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ကြေညာချက် အမှတ် (၁/၂၀၂၂)ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် အာဆီယံကိုယ်စားလှယ်နှင့်တွေ့ဆုံအပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ ဇူလိုင် ၅ရက်မှ ၆ရက်အထိ နှစ်ရက်ကြာပြုလုပ်သည့် အစည်းအဝေးအပြီး ဘုံသဘောတူညီချက်တစ်ခုလည်း ဖြစ်သည်။

ထို့အပြင် ယင်းကဲ့သို့သော တွေ့ဆုံမှုများကို စဉ်ဆက်မပြတ်ပြုလုပ်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည့်အခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာရေး၊ ပါဝင်သင့်သူများအားလုံးပါဝင်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးခြင်းအပါအဝင် လိုအပ်သော လူသားချင်းစာနာထောက်ထားမှု ပံ့ပိုမှုများကိုရရှိရေးတို့အတွက် ဆက်လက်ကြိုးစားသွား မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

PPST ၏ လုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် ချမှတ်ထားသော စည်းမျဉ်းများနှင့် အညီ ဆောင်ရွက်နိုင်ရေး အတွက် အစည်းအဝေးတွင် တင်ပြလာသည့် NCA-S EAO ၏ လုပ်ငန်းကော်မတီများအလိုက် သက်ဆိုင်သော လုပ်ငန်းလမ်းညွှန်များကို အတည်ပြုဆုံးဖြတ်နိုင်ခဲ့သည်။

ပုံစာ- အာဆီယံ အထူး ကိုယ်စားလှယ် နှင့် NCA-S EAO အဖွဲ့ ခုနစ်ဖွဲ့ တွေ့ဆုံ‌ ဆွေးနွေးသည့် ပုံရိပ်များ

Photo_ MOI


LEAVE A REPLY

Please enter your comment!
Please enter your name here