နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရေးဖိတ်ခေါ်မှုအား တွေ့ဆုံဆွေးနွေးရန် လားဟူဒီမိုကရက်တစ်အစည်းအရုံး( LDU)အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

0
52

နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရေးဖိတ်ခေါ်မှုအား တွေ့ဆုံဆွေးနွေးရန် လားဟူဒီမိုကရက်တစ်အစည်းအရုံး( LDU)အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရေးဖိတ်ခေါ်မှုအား တွေ့ဆုံဆွေးနွေးရန် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက်(ယနေ့)မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့သည်။

LDU ၏အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

“ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ’’ ဆိုင်းဘုတ်များနှင့် နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတိုကို ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နစက ဥက္ကဋ္ဌမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here