ဆစ်ဒနီတွင်မိုးစဲသွားသော်လည်း ရေမကျသေးသဖြင့် လူပေါင်းထောင်ကျော် ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းနေရ

0
94

‌ဆစ်ဒနီတွင်မိုးစဲသွားသော်လည်း ရေမကျသေးသဖြင့် လူပေါင်းထောင်ကျော် ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းနေရ

ဆစ်ဒနီ၊ဇူလိုင် ၆

ဆစ်ဒနီတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းသည်လေးရက်ကြာပြီးနောက် ဇူလိုင် ၆ ရက်တွင် မြို့ပေါ်မှရွေ့လျားသွားပြီဖြစ်ကြောင်း ဂြိုဟ်တုဓာတ်ပုံများအရသိရှိရသော်လည်း မြစ်ရေများသည် စိုးရိမ်ရေမှတ်အထက်တွင်ပင်ရှိနေပြီး လူများလည်းထပ်မံရွှေ့ပြောင်းနေရသေးသည်။

New South Wales ပြည်နယ်မှ လူပေါင်း ၈၅,၀၀၀ ကျော်နှင့် ဆစ်ဒနီအနောက်ပိုင်းရပ်ကွက်များမှ လူအများစုကိုရွှေ့ပြောင်းရန်အမိန့်ပေးထားပြီး အင်္ဂါနေ့တွင်လူ ၅၀,၀၀၀ ကိုထပ်မံရွှေ့ပြောင်းရန်အမိန့်ပေးထားသည်ဟု အာဏာပိုင်များကဆိုသည်။


သြစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းမှသည် နယူး​ဆောက်သ်​ဝေးလ် ၏ မြောက်ဘက်ကမ်းရိုးတန်းသို့ ပြင်းထန်သောလေဖိအားနည်းရပ်ဝန်းသည်ရွေ့လျားသွားပြီး ခြောက်နာရီအတွင်း မိုးရေချိန် ၂၀၀ မီလီမီတာ ကျော်လွန်မည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ဩစတြေးလျ၏ အရှေ့ဘက်ကမ်းရိုးတန်း ရာသီဥတုသည် လာနီညာဖြစ်​လေ့ရှိပြီးယခု နှစ်နှစ်ဆက်တိုက် ပုံမှန်ထက်ပို၍ မိုးရွာသွန်းမှုပိုများလာသည်။လာနီညာသည် ဇွန်လတွင်ပြီးဆုံးသွားသော်လည်း ယခုနှစ်နှောင်းပိုင်းတွင် ပြန်လည်ဖြစ်‌ပေါ်ရန် အလားအလာ ၅၀-၅၀ စီရှိကြောင်း မိုးလေဝသဌာန၏ထုတ်ပြန်ချက်အရသိရသည်။

နယူး​ဆောက်သ်​ဝေးလ် ရှိ အချို့ဒေသများသည် စနေနေ့ကတည်းက မိုးရေချိန် ၇၀၀ မီလီမီတာအထိ ရွာသွန်းခဲ့ပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန်ထက် ပိုများခဲ့သော်လည်း ဆစ်ဒနီတွင်မူအခြေအနေများ တည်ငြိမ်စပြုလာပြီဖြစ်သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here