ရွှေကျင်မြို့နယ်ရှိ အ.ထ.က(ခွဲ)ကျောင်း မီးရှို့ဖျက်ဆီးခံရဟု နစက ထုတ်ပြန်

0
172

ရွှေကျင်မြို့နယ်ရှိ အ.ထ.က(ခွဲ)ကျောင်း မီးရှို့ဖျက်ဆီးခံရဟု နစက ထုတ်ပြန်

ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ဆိပ်ကလေးကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်းအား ဇူလိုင် ၅ ရက်ညပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၉ နာရီခန့်က ဆိပ်ကလေးကျေးရွာ၌ ကျောင်းသား၊ကျောင်းသူ ၆၃၀ ဦးတက်ရောက်ပညာသင်ကြားနေသည့် အ.ထ.က(ခွဲ)ကျောင်းအား လက်နက်ကိုင်အဖွဲ့ဝင်များက မီးရှို့ခဲ့ကြကြောင်း သိရသည်။

ထိုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ကျေးရွာနေသူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ကြသဖြင့် ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ ဆရာ၊ဆရာမများ နားနေဆောင် ပေ ၂၀ ပတ်လည် ၂ ခန်းတွဲ၏ အခန်းတစ်ခန်းနှင့်စာကြည့်တိုက်အခန်းအတွင်းရှိ ၃ ထပ်သားပြား ၂ ချပ်၊ စားပွဲခုံ ၁ လုံး၊ စာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here