အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံအတွင်းလာရောက်ခြင်းသည် သံတမန်ရေးအရ အောင်မြင်သည် ဟု KNDP ပါတီ ဥက္ကဋ္ဌ ပြောကြား

0
167

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံအတွင်းလာရောက်ခြင်းသည် သံတမန်ရေးအရ အောင်မြင်သည် ဟု KNDP ပါတီ ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် လာရောက်ခြင်းသည်သံသမန်ရေးရာအရ အောင်မြင်သည်ဟု ပြော၍ ရကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ယနေ့ ဇူလိုင် ၆ ရက်တွင် Popular News သို့ ပြောကြားသည်။

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကရင်ပါတီများကို ဖိတ်ကြားခြင်းမရှိသည့် အတွက် စိတ်မကောင်း ဖြစ်ရသော်လည်း သက်ဆိုင်ရာ အစုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့်အပေါ် လက်ခံကြောင်း နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်လမ်းဖြင့် ဆွေးနွေးအခြေရှာကြမည့်အပေါ်တွင်လည်း ကြိုဆိုကြောင်း ၎င်းက ဆိုသည်။

တွေ့ဆုံဆွေးနွေးရေးကို ကျွန်တော်တို့ကတော့ လက်ခံတယ်။ အလကားထိုင်နေတာထက်စာရင် တွေ့ဆုံဆွေးနွေးတာက အဖြေတစ်ခုတွေ့ရင် တွေ့မယ်။ အမြတ်မထွက်ရင်တောင် အရှုံးတော့မရှိဘူးပေါ့။ တွေ့ဆုံဆွေးနွေးရေးအပိုင်းမှာ အားလုံးပါ၀င်နိုင်ရေးဆိုတာက NUG၊ NUCC တို့ပါ၀င်မှုအပိုင်းကို ကျွန်တော်ဘာမှမပြောလိုဘူး။ မဝေဖန်လိုဘူး။ တွေ့ဆုံဆွေးနွေးသင့်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ အနေနဲ့ လက်ခံတယ်။ ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် လာရောက်သည့် ခရီးစဉ်တွင် ၎င်းတို့ ကရင်ပြည်နယ် အခြေစိုက် ကရင်ပါတီ နှစ်ပါတီနှင့် ရန်ကုန်အခြေစိုက် ကရင်တစ်ပါတီ စုပေါင်း တရားဝင်မှတ်ပုံတင်ထားသည့် ကရင်ပါတီ သုံးပါတီ တွေ့ဆုံခွင့်မရခဲ့ကြောင်း သိရသည်။

တိုင်းရင်သားပါတီတွေထဲက မွန်ပါတီ၊ ရခိုင်ပါတီ ၊ ဇိုမီးပါတီအပါအဝင် ပါတီ ၆ပါတီနဲ့တွေ့ဆုံတယ်လို့ ကြားတယ်။ ဗမာပါတီတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ တွေ့ဆုံခွင့်ရကြတယ်လို့ သိထားပါတယ် ဟု ပြောသည်။

ထို့အပြင် မန်းအောင်ပြည်စိုးက အချိုးကျကိုယ်စားပြုစနစ်(PR) ဖြင့် နစက ပြုလုပ်မည့် ရွေးကောက်ပွဲကို ကြိုဆိုသော်လည်း လက်ရှိတွင် မဲဆန္ဒနယ်ပြည်သူများအား ယင်းစနစ်အတွက်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မည်သည့်အကြောင်း တစ်စုံတရာ ပြန်လည် ပြောကြားလာခြင်းမရှိသေးကြောင်း ဆက်လက်ပြောကြားသည်။

Photo – Karen National Democratic Party -KNDP Facebook Page


LEAVE A REPLY

Please enter your comment!
Please enter your name here