ပြည်တွင်းစက်သုံးဆီစျေးနှုန်း တစ်လီတာလျှင်ကျပ် ၂၀၀၀ အောက်ထိ ကျဆင်း

0
182

ပြည်တွင်းစက်သုံးဆီစျေးနှုန်း တစ်လီတာလျှင်ကျပ် ၂၀၀၀ အောက်ထိ ကျဆင်း

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ယနေ့ဇူလိုင် ၇ ရက်တွင် တစ်လီတာလျှင် ကျပ်၂၀၀၀ ကျပ် ဝန်းကျင်အောက်အထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

ယနေ့တွင် ရန်ကုန်နှင့်မန္တလေးမြို့ရည်ညွှန်းလက်ကားစျေးနှုန်းများနှင့် ပြည်ထောင်နယ်မြေအပါအဝင် တိုင်းဒေကြီး၊ ပြည်နယ်များအတွင်းရှိစက်သုံးဆီ လက်လီစျေးနှုန်းများကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက အများပြည်သူဝယ်ယူနိုင်မည့် လက်လီစျေးနှုန်းများကို ထုတ်ပြန်ပေးထားသည်။

ယနေ့ ဇူလိုင် ၇ ရက် ရန်ကုန်မြို့၌ 92Ron တစ်လီတာလျှင် ၁၈၃၅ကျပ်၊ 95 Ron တစ်လီတာလျှင် ၁၉၅၅ ကျပ် ၊ HSD (500pm) တစ်လီတာလျှင်၂၁၉၅ကျပ်၊ HSD (50 ppm)တစ်လီတာလျှင် ၂၂၂၅၊ HSD(10ppm)တစ်လီတာလျှင် ၂၂၂၅ အထိကျဆင်းခဲ့သည်။

အလားတူ မန္တလေးမြို့တွင် 92Ron တစ်လီတာလျှင် ၁၈၈၀ကျပ်၊ 95Ron တစ်လီတာလျှင် ၂၀၀၀ကျပ်၊ HSD( 500 ppm) တစ်လီတာလျှင် ၂၂၄၀၊ HSD(50 ppm)တစ်လီတာလျှင်၂၂၇၀ကျပ်၊ HSD( 10 ppm)တစ်လီတာလျှင်၂၂၇၀ ကျပ်အထိ ကျဆင်းသည်။

ထို့အပြင် ပြည်ထောင်နယ်မြေ နေပြည်တော်တွင် 92Ron တစ်လီတာလျှင် ၁၈၇၅ကျပ်၊ 95Ron တစ်လီတာလျှင် ၂၀၀၀ကျပ် HSD (500ppm)တစ်လီတာလျှင် ၂၂၄၀ကျပ်၊ HSD(HSD 50ppm)တစ်လီတာလျှင်၂၂၇၀ကျပ်၊ HSD(HSD 10ppm)တစ်လီတာလျှင် ၂၂၇၀ကျပ် ကျဆင်းပြီး၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း၌လည်း ကျပ် ၁၀၀မှ ကျပ် ၂၀၀ ဝန်းကျင်အထိ ကျဆင်းသွားကြကြောင်းသိရသည်။

ထို့ကြောင့် ယခင်ရက်များထက် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ကျပ် ၁၀၀ ကျော်ဝန်းကျင်အထိ ကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင်ကျေနပ်မှုမရှိပါကကော်မတီထံ သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here