မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးနေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
137
မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးနေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊(စျ)ရပ် ကွက်၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးသန်းလွင် နေအိမ်တွင် ဇူလိုင် ၇ ရက်(ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၄ နာရီခွဲကျော်က (စျ)ရပ်ကွက်၊ဧရာ ၆ လမ်းနေ ရပ်ကျေးအဖွဲ့ဝင်ရာအိမ်မှူးဦးသန်းလွင် နေအိမ်အားအမည်မသိအမျိုးသားများက လက် ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့သဖြင့် ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လက်ပစ်ဗုံးသည် နေအိမ်အားထိမှန်ပေါက်ကွဲခဲ့ခြင်းမရှိဘဲ ခြံဝင်းအတွင်း၌သာ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း နေအိမ်ပြတင်းတံခါးနှင့်အိမ်တံခါးတို့မှာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here