အမရပူရမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးဓားဖြင့်ခုတ်ခံရပြီး ဆိုင်ကယ်လုယက်ခံရ

0
77

အမရပူရမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးဓားဖြင့်ခုတ်ခံရပြီး ဆိုင်ကယ်လုယက်ခံရ

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊စစ်ကိုင်း-မန္တလေးသွားကားလမ်းတွင် ဇူလိုင် ၇ ရက်(ယနေ့)နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သီရိဆင်ကာပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

စစ်ကိုင်း-မန္တလေးလမ်းအတိုင်း ဆိုင်ကယ်လု ယက်ခံရသည့် အမျိုးသားသည် မန္တလေးဘက်မှစစ်ကိုင်းဘက်သို့လာစဥ် OK စက်သုံးဆီအရောင်းဆိုင်အနီးအရောက် မျက်နှာချင်းဆိုင်မှ အမျိုး သား ၃ ဦးစီးလာသည့် ဆိုင်ကယ်မှတစ်ဖက်လမ်းကြောသို့ ဝင်လာကာဆိုင်ကယ်အားလုယက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဆိုင်ကယ်လုယက်သူများအား ပြန် လည်ခုခံရာ ဓားဖြင့်ခုတ်ခဲ့ကြသဖြင့် ယင်းအမျိုး သား၏ ဦးခေါင်းနှင့်ဘယ်လက်တို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ကာ ဆိုင်ကယ်မှာလုယက်သူ များထံသို့ ပါရှိသွားခြင်းမရှိကြောင်း သိရသည်။

“တံတားဖြူတံတားနားမရောက်ခင်နဲ့ OK စက်သုံးဆီရောင်းတဲ့ဆိုင်ကြားမှာဖြစ်သွားတာပါ ဖုန်းသ တင်းရတာနဲ့ချက်ခြင်းသွားပြီးကူညီပေးခဲ့တယ် နောက် စစ်ကိုင်းဆေးရုံကိုဓားဒဏ်ရာကခေါင်းမှာလည်းထိထားတာဆိုတော့ အရေးပေါ်ပို့ပေးခဲ့တယ် သူ့ရဲ့မိသားစုဝင်တွေနဲ့လည်းအဆက်အ သွယ်ရပါတယ် အလုခံရတဲ့လူက သတိကောင်းကောင်းရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဆိုင်ကယ်လုယက်ခံရသည့် အမျိုးသား၏ဦးခေါင်း၌ရရှိခဲ့သည့် ဓားခုတ်ခံရသည့်ဒဏ်ရာအား စစ်ကိုင်းဆေးရုံမှပြန်ချုပ်ပေးခဲ့ပြီးနောက် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရန် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here