သင်္ဃန်းကျွန်းမြို့နယ်၌ လဖက်ရည်ဆိုင်ထိုင်နေသည့် ရပ်ကျေးအဖွဲ့ဝင်တစ်ဦးနှင့်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
260

သင်္ဃန်းကျွန်းမြို့နယ်၌ လဖက်ရည်ဆိုင်ထိုင်နေသည့် ရပ်ကျေးအဖွဲ့ဝင်တစ်ဦးနှင့်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်သစ် ရပ်ကွက်ရှိ လဘက်ရည်ဆိုင်၌ထိုင်နေသည့် ရပ်ကျေးအဖွဲ့ဝင်ဦးရဲထွဋ်နှင့်အတူထိုင်နေသူဦးဇော်ထွန်းတို့သည် ဇူလိုင် ၇ ရက်(ယနေ့)နံနက် ၉ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။

ရပ်ကျေးအဖွဲ့ဝင် ရာအိမ်မှူးဦးရဲထွဋ်နှင့်အတူ ဦးဇော်ထွန်းတို့သည် ရန်ကုန်သစ်ရပ်ကွက်၊အောင်ဇေယျ ၅ လမ်းထိပ်ရှိ လဘက်ရည်ဆိုင်၌ထိုင်နေစဥ် အမည်မသိအမျိုးသားများက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ၂ ဦးလုံးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် ရန်ကုန်သစ်ရပ်ကွက်အ တွင်းသို့ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ ပိတ်ဆို့စစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ-အခင်းဖြစ်ပွားခဲ့သည့် ရန်ကုန်သစ်ရပ်ကွက်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here