ဇူလိုင်ပထမပတ်အတွင်း မြန်မာအလုပ်သမား ၂၁၄ ဦး တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိ

0
143

ဇူလိုင်ပထမပတ်အတွင်း မြန်မာအလုပ်သမား ၂၁၄ ဦး တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိ

တောင်ကိုရီးယားနိုင်ငံအစိုးရမှ မြန်မာအလုပ်သ မားများအား ပြန်လည်လက်ခံလျက်ရှိရာ ဇူလိုင်ပထမပတ်ဖြစ်သည့် ၇ ရက်(ယနေ့)နှင့် ၅ ရက်နေ့တို့တွင် အလုပ်သမား ၂၁၄ ဦး ရောက်ရှိခဲ့သည်ဟု မြန်မာသံရုံးမှ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ရောက်ရှိရာတွင် ဇူလိုင် ၇ ရက်၌ တောင်ကိုရီးယားနိုင်ငံတွင် Re-entry အဖြစ်ပြန်လည်ဝင်ရောက်လာသည့် ကုန်ထုတ်လုပ်သား ၇၅ ဦးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေလုပ်သား ၉ ဦး(စုစု ပေါင်း ၈၄ ဦး)တို့သည် ရန်ကုန်လေဆိပ်မှ အင်ချွန်းလေဆိပ်သို့ ရောက်ရှိခဲ့သည်။

အလားတူ ဇူလိုင် ၅ ရက်တွင်လည်း ကုန်ထုတ် လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃၀ ဦးသည် ရန်ကုန်လေဆိပ်မှ အင်ချွန်းလေဆိပ်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

ထိုသို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများသိရှိလိုက် နာသင့်သည့် အချက်များကိုမှာကြားကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here