ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အသိပညာ၊အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်း အ မြစ်များပေါ်ထွက်ရန် တစ်နိုင်ငံလုံးတိုင်းရင်းသားဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ကျကျဆောင်ရွက်လျက်ရှိဟု နစက ဥက္ကဋ္ဌပြော

0
133

ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အသိပညာ၊အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်း အ မြစ်များပေါ်ထွက်ရန် တစ်နိုင်ငံလုံးတိုင်းရင်းသားဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ကျကျဆောင်ရွက်လျက်ရှိဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌမှ လားဟူဒီမိုကရက်တစ်အစည်းအ ရုံး(LDU)အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင် ၇ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေး နွေးရာ၌ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေးကိစ္စများ၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စများအား နစက ဥက္ကဋ္ဌမှဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ အသိပ ညာ၊အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်း အမြစ်များပေါ်ထွက်လာရန် အဓိကလိုအပ်၍ တစ်နိုင်ငံလုံး တိုင်းရင်းသားဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးအား လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကဆွေးနွေးပြောကြားခဲ့သည်။

အလားတူ LDU အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက်အမြင်များကိုဆွေးနွေးတင်ပြခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌနှင့် LDU အထွေထွေအတွင်းရေးမှူးကျာဆော်လမွန်တို့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအားတင်ပြ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ၊ပညာရေး ၊ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒု-ဗိုလ်ချုပ်ကြီးရာပြည့် တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)အထွေထွေအတွင်းရေးမှူးကျာဆော်လမွန်နှင့်အတူ တွဲဖက်အတွင်းရေးမှူး(၂)ကျာယာကုပ်နှင့်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကျာဖူး တို့လည်းတက်ရောက်ဆွေးနွေးခဲ့သည်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူးကျာဆော်လမွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစက မှဖွဲ့စည်းပေးထားသော ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here