ယူကရိန်းပဋိပက္ခ အဓိကထား​ဆွေး​နွေးသည့် G20 အစည်းအဝေးသို့ ရုရှားတက်ရောက်

0
189

ယူကရိန်းပဋိပက္ခ အဓိကထား​ဆွေး​နွေးသည့် G20 အစည်းအဝေးသို့ ရုရှားတက်ရောက်

နိုဆာဒူဝါ(အင်ဒို)၊ဇူလိုင် (၇)

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov သည် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ရောက်ရှိ​နေပြီဖြစ်သည်။

G20 အစည်းအဝေးကို အိမ်ရှင်နိုင်ငံအင်ဒိုနီးရှားတွင် သောကြာနေ့အထိကျင်းပနေပြီး ပထဝီနိုင်ငံရေးဖိအားအပါအဝင် စစ်ပွဲ​နောက်ဆက်တွဲကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းများကို ဟန်ချက်ညီအောင်လုပ်ဆောင်ရန်တို့​ကိုဆွေး​နွေးကြမည်ဖြစ်သည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ရုရှားသည်ယူကရိန်းစစ်ပွဲအတွက် G20 အစည်းအဝေးကို အသုံးချခွင့်မရှိဟုဘာလီသို့  မလာခင်ထဲကပင်ပြောကြားခဲ့ပြီး “နိုင်ငံတကာဥပဒေကို သေချာလေးစားလိုက်နာခြင်းက အားလုံးရဲ့အကျိုးစီးပွားအတွက်ပဲဖြစ်ပါတယ်” ဟု Baerbock ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က သူမနိုင်ငံနှင့်အခြားသဘောထားတူနိုင်ငံများသည် စစ်ပွဲရဲ့သက်ရောက်မှုကိုG20 အစည်းအဝေးတွင် မီးမောင်းထိုးပြမည်ဖြစ်ကြောင်းဆိုသည်။

Lavrov သည် ဘာလီသို့ရောက်ရှိလာပြီး ထိပ်သီးအစည်းအဝေး၏ပြင်ပတွင် G20 အရာရှိအချို့နှင့် တွေ့ဆုံရန်စီစဉ်ထားကြောင်း ရုရှားသတင်းအေဂျင်စီ TASS က ဖော်ပြခဲ့သော်လည်း Baerbock နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အပါအဝင် ဝန်ကြီးများသည်၎င်း၏တွေ့ဆုံမှုကိုငြင်းဆိုထားသည်။


ရုရှားက ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့သဖြင့် G8 မှ ၂၀၁၄ ခုနှစ်တွင်ရုရှအားဖယ်ထုတ်ခဲ့ပြီး G7 ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ပိုဖြစ်​စေ​သော ယူကရိန်းဂျုံတင်ပို့မှုကို ပိတ်ဆို့ခြင်းသည် ငွေကြေးဖောင်းပွမှုကိုပါဆိုးရွားစေသည်ဟု ရုရှားက စွပ်စွဲထားသည်။ရုရှားအနေဖြင့် ဆန်တင်ပို့မှုအတွက်အဆင်သင့်ဖြစ်နေပြီဟုလည်း ပြောကြားခဲ့သည်။

စွမ်းအင်နှင့်စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ဆွေးနွေးပွဲကို နှစ်ရက်တာအစည်းအ‌​ဝေး အစီအစဉ်တွင် ထည့်သွင်းထားသည်။

စစ်ပွဲကိုရပ်တန့်ရန်နှင့် ယူကရိန်းနှင့် ရုရှားတို့၏ စားနပ်ရိက္ခာများကို ကမ္ဘာ့သို့ ပြန်လည်တင်ပို့ပြီး ပေါင်းစည်းနိုင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသံများခိုင်မာရန် လိုအပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သမ္မတဂျိုကိုဝီဒိုဒိုသည်လည်း ပြီးခဲ့သည့် သီတင်းပတ်က ငြိမ်းချမ်းရေး အကျိုးဆောင်အနေဖြင့် ယူကရိန်းနှင့် ရုရှား တို့ကိုတွေ့ဆုံရန် ကိယက်ဗ်နှင့် မော်စကိုသို့ သွားရောက်ခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here