တရုတ်နိုင်ငံနှင့် ပတ်သက်၍ MI 5 နှင့် FBI ၏ အကြီးအကဲများ သတိပေးလာ

0
130

တရုတ်နိုင်ငံနှင့် ပတ်သက်၍ MI 5 နှင့် FBI ၏ အကြီးအကဲများ သတိပေးလာ

ဗြိတိန်နှင့် အမေရိကန်နိုင်ငံမှ ထောက်လှမ်းရေးဌာနများဖြစ်သည့် MI 5 နှင့် FBI ၏ အကြီးအကဲများသည် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့၌ MI 5 ရုံးချုပ်တွင် ပရိသတ်ရှေ့​မှောက်ဝယ် ၎င်းတို့၏ပထမဆုံး​သော ပူးတွဲတွေ့ဆုံမူကိုပြုခဲ့ကြပြီး ဗြိတိန်နှင့် အမေရိကန်အပေါ် သက်ရောက်မှု ကြီးထွားလာသည့် တရုတ်၏ရေရှည် ခြိမ်းခြောက်မှုကို သတိပေးခဲ့ကြသည်။

MI 5 ညွှန်ကြားရေးမှူးချုပ် ‘ကန်မက်ကဲလမ်’ က ကျွန်ုပ်တို့ ဌာနသည် တရုတ်၏ စိုးရိမ်ဖွယ်ရာ လှုပ်ရှားမှုများကို ယခင်ကထက် နှစ်ဆပိုမိုကြိုးစားအားထုတ်၍ စုံစမ်းမှုများပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ခုနှစ်ဆကြိုးစား​နေသည်ဟုဆိုသည်။

FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာ ‘ရေး’ ကတရုတ်အစိုးရသည် ဗြိတိန်၊ အမေရိကန်၊ ဥရောပနှင့် အခြားနေရာများရှိ မဟာမိတ်များ၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးအတွက်အန္တရာယ် ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

တရုတ်က ကမ္ဘာ့နိုင်ငံ​ရေးကိုဝင်စွက်ခြင်းဖြင့် ကမ္ဘာကြီးကိုပုံသွင်းဖို့ကြိုးစား​နေသည်ဟုဆိုသည်။ဥပမာအားဖြင့်ယခုနှစ်နယူးယောက်၌ကျင်းပခဲ့သော ကွန်ဂရက်ရွေးကောက်ပွဲမှာ ပေကျင်းက တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု​ဆိုသည်။

အနောက်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများကို ပိုခြိမ်းခြောက်နေသည့်အရာက​တော့နည်းပညာကို ခိုးယူနေမူဖြစ်​ကြောင်း ရေးက တရုတ်အစိုးရကိုသတိပေးခဲ့သည်။

၄င်း၏အဆိုအရ တရုတ်အစိုးရ၏ ဟက်ကာပရိုဂရမ်သည် အခြားနိုင်ငံကြီးများအားလုံး ပေါင်းထားသည်ထက်ကိုပင် ပို၍ကြီးမားနေသည်ဟုသိရသည်။

သို့ရာတွင် ဗြိတိန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နှင့် ဗြိတိန်မှ ထောက်လှမ်းရေး အရာရှိများ၏ တရုတ်နိုင်ငံအပေါ် စွပ်စွဲချက်များသည် လုံးဝ အခြေအမြစ်မရှိပါ။ ၎င်းတို့ပြုစုထားသည့်ကိစ္စများသည်အရိပ်ကိုလိုက်ဖမ်းသလို ဖြစ်​နေသည်ဟု ဆိုသည်။

“ခေတ်ကို ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ ၊ခေတ်မမီတော့တဲ့ စစ်အေးခေတ် စိတ်ဓာတ်ကို စွန့်လွှတ်လိုက်ဖို့နှစ်နိုင်ငံစလုံးကို တရုတ်က တိုက်တွန်းလိုက်ပါတယ် “ဟု အထက်ပါ​ပြော​ရေး ဆိုခွင့်ရှိသူက တိုက်တွန်းထားသည်။

“တရုတ်ခြိမ်းခြောက်မှု” ဆိုတဲ့ဝါဒဖြန့်မှု၊ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ပဋိပက္ခများဖန်တီးခြင်းကိုရပ်တန်းကရပ်ပါ ဟုလည်းဆက်လက်​ပြောကြားခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here