နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ် ယူရာတွင် အဆင်ပြေစေရန် ဇူလိုင်လမှစ၍ မြန်မာ့စီးပွားရေးဘဏ်များ၌ ငွေပေးကောင်တာများတိုးချဲ့ဖွင့်လှစ်

0
189

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ် ယူရာတွင် အဆင်ပြေစေရန် ဇူလိုင်လမှစ၍ မြန်မာ့စီးပွားရေးဘဏ်များ၌ ငွေပေးကောင်တာများတိုးချဲ့ဖွင့်လှစ်

မြန်မာ့စီးပွားရေးဘဏ်များ၌ ကိုယ်တိုင်ပင်စင်လ စာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအ ဆင်ပြေစေရန် ဇူလိုင်လမှစ၍ ဘဏ်များတွင် ငွေပေးကောင်တာများတိုးချဲ့စီစဉ်ထားကာ ငွေထုတ် ပေးမှုလျင်မြန်စေရန် စီစဉ်ဆောင်ရွက်ထားသည်ဟု မြန်မာ့စီးပွားရေးဘဏ်မှ အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ထပ်မံတိုးချဲ့ခဲ့ခြင်းမှာ အချို့ဘဏ်ခွဲများတွင် ပင်စင်လစာထုတ်ပေးသည့် ၂၁ ရက်နေ့တွင်စုပြုံ၍ လာရောက်ထုတ်ယူခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်ခြင်း၊ရှည်လျားစွာတန်းစီရခြင်း၊အ ချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းတို့ ဖြစ်ပေါ်နေ သည်ကို စိစစ်တွေ့ရှိရသည်ဟု မြန်မာ့စီးပွားရေးဘဏ်၏ အသိပေးထုတ်ပြန်ချက်၌ ရေးသားထား သည်။

ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်၏ သက်ဆိုင်ရာဘဏ်ခွဲများတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများအား လစဉ်ရုံးဖွင့်ရက် ၂၁ ရက်နေ့တစ်ရက်တည်းသာ စုပြုံထုတ်ယူရန်မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ်ဖွင့်သည့် ရက်များတွင်လည်းထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။

အလားတူ ပင်စင်လစာငွေများအား ဘဏ်တွင်ငွေ စာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်၌ ပြန် လည်ထုတ်ယူခြင်း၊ ATM စာရင်းဖွင့်၍ ATM စက်များမှ ထုတ်ယူခြင်း၊ Myanmar Mobile Money (MMM)၊ Wave Money တို့ဖြင့်နီးစပ်ရာ Mobile Agent များမှတစ်ဆင့် ထုတ်ယူနိုင်ရန်လည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူမှုအဆင်ပြေချောမွေ့စေရန် သက် ဆိုင်ရာဘဏ်ခွဲများနှင့်ပူးပေါင်းကူညီဆောင်ရွက်ပေးရန် မြန်မာ့စီးပွားရေးဘဏ်မှအသိပေးထုတ်ပြန်ခဲ့သည်။

Photo – MOI


LEAVE A REPLY

Please enter your comment!
Please enter your name here