ကွမ်းလုံ ရက် ၄ဝ ကို ဒီနှစ် အကယ်ဒမီ စာရင်းထဲ မဝင်ချင်လို့ ရုံတင်ရက် ရွှေ့လိုက်တဲ့ ဒါရိုက်တာ ပန်းချီစိုးမိုး

0
170

panchi-soe-moeအကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုး က သူရိုက်ကူး တင်ဆက်ထားတဲ့ “ကွမ်းလုံရက်၎ဝ” ရုပ်ရှင် ဇာတ်ကား ဟာ အထူးပွဲ ပြသ ခဲ့ပြီး ပြီ ဖြစ်ပေမယ့် လက်ရှိ အချိန် အထိ ရုံမတင်ရသေးတာ က အခုနှစ် အကယ်ဒမီ စာရင်း ထဲကိုဝင်နေ မှာကြောက်လို့ပါလို့ ဖွင့်ဟ ဆိုပါတယ်။

“ကွမ်းလုံ ရက် ၄ဝ ကို လာမယ့် ၂ဝ၁၇ ခုနှစ် တပ်မတော်နေ့ ရောက်ခါနီးမှာ ရုံတင်ပါမယ်။ ဘာဖြစ် လို့ ဒီနှစ် အကယ်ဒမီစာရင်း ထဲကို မဝင်ချင် ရတာလဲ ဆိုတော့ မယုံကြည်လို့ပဲ။ “ကွမ်းလုံရက် ၄ဝ” ဟာ ကြယ်စင်မော်ကွန်းထက် ၄ဆ ပိုမိုကောင်းမွန်ပါတယ်။ ပြီးတော့ ဇာတ်ကား နှစ်ကားလုံးရဲ့ အရသာ ဟာလည်း  မတူညီပါဘူး။ ပြီးတော့ အခု ရုံတင်တော့မယ့် “ကျွန်တော့် ရည်းစား ဘုရားမှာ နေသည်” ရုပ်ရှင်ဇာတ်ကား ဆိုရင် မနှစ်က အကယ်ဒမီ စာရင်းထဲမှာ ပါဝင်ခဲ့ပြီးပြီ။ “ကျွန်တော့် ရည်းစားဘုရားမှာ နေသည်” ဇာတ်ကားဟာ ဓာတ်ပုံ ကို အဓိက အားထားထားတဲ့ ရုပ်ရှင် ဇာတ်ကားပါ။ ဒုတိယ အားထားတာက အသံပါ။ တတိယကတော့ တေးဂီ တပါ။ အခု ကတော့ အကြောင်း ကြောင်းကြောင့် အကယ် ဒမီ မရခဲ့ဘူး။ “ကွမ်းလုံ ရက်၎ဝ” ကို ဒီနှစ်မှာ အကယ်ဒမီ စာရင်း မဝင်ချင်တာ ကလည်း လက်ရှိ ဖွဲ့စည်းမယ့် အကယ် ဒမီ ဘုတ် အဖွဲ့ကို မကြိုက်လို့ပါ။ နောက်ထပ်ဖွဲ့မှာကို မယုံကြည်သေးလို့ပဲ။ ဖွဲ့မယ့်လူတွေရဲ့ စာရင်းတွေ ကို မကြေညာဘူး။ ဘယ်သူတွေနဲ့ ဖွဲ့မှာလဲ။ ဘယ်လောက် အရည်အချင်း ရှိတဲ့သူတွေနဲ့ ဖွဲ့စည်းမှာလဲ။ အဲဒါနဲ့ ပတ်သက်လို့ လုံးဝ ကို မယုံကြည်ဘူး ဗျာ။ အဲဒါကြောင့် နောက်နှစ်မှ ရုံတင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အကယ်ဒမီ ဘုတ်အဖွဲ့ဖွဲ့မယ် ဆိုတာလည်း သူတို့ ဘာသာ သူတို့ဖွဲ့ နေကြတာပါ။ ကျွန်တော် ရုပ်ရှင်အစည်းအရုံး ကို အရင် လို သိပ်မသွားဖြစ်တော့ဘူး” လို့ အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုး က ပြောပြပေးပါတယ်။

အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုးဟာ လက်ရှိ ရုံတင်တော့မှာဖြစ်တဲ့ “ကျွန်တော့်ရည်းစား ဘုရားမှာ နေ သည်” ရုပ်ရှင် ဇာတ်ကားဟာ ၂ဝ၁၅ ခုနှစ် အကယ်ဒမီ စာ ရင်းဝင် ခဲ့ပေမယ့်လည်း မျှော်မှန်းထားခဲ့တဲ့ ဓာတ်ပုံဆု အကယ်ဒမီ နဲ့ လွဲချော်ခဲ့ရပါတယ်။ အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုး ဟာ စာရေးဆရာကြီး ဦးတင့်တယ် ရေးသား ထုတ်ဝေခဲ့တဲ့ “ကမ္မဖလ” ဝတ္ထုကို ရုပ်ရှင် ဇာတ်ကား အဖြစ် ရိုက်ကူး တင်ဆက်ဖို့ ရှိနေတာကြောင့် ရိုက်ကူးမှု စတင်နိုင်ဖို့ အတွက် အချိန်ယူ ပြင်ဆင်နေတယ် လို့လည်း သိရပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here