Online Shopping ကုမ္ပဏီဝန်ထမ်းတစ်ဦးသတ်ဖြတ်ခံရမှုဖြစ်ပွား

0
156
Online Shopping ကုမ္ပဏီဝန်ထမ်းတစ်ဦးသတ်ဖြတ်ခံရမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ Mercury Online Shopping Mall ၏ ဖြည့်ဆည်းရေးစင်တာတာဝန်ခံ တာမွေမြို့နယ်နေ ကိုအာကာမိုးကိုကို(၂၃)နှစ်သည် ဇူလိုင် ၆ ရက်ညပိုင်းက ရုံးကားဖြင့်နေအိမ်သို့ပြန်လာစဥ် ပစ္စည်းများလုယက်၍သတ်ဖြတ်ခံခဲ့ရကြောင်း Mercury ၏ထုတ်ပြန်ချက်အရ သိရသည်။
ကိုအာကာမိုးကိုကိုသည် နေအိမ်သို့ရုံးကား Suzuki Pickup ဖြင့်အိမ်ပြန်လာစဥ် အမည်၊နေရပ်လိပ်စာ၊အသက်(စုံစမ်းဆဲ)တို့မှ ကားတံခါးအားဖွင့်၍တက်လာပြီးနောက် ပါလာသည့်ပစ္စည်းများအားလုယက်စဥ် အသာတကြည်မပေးသဖြင့် ထိုးကြိတ်ရိုက်နှက်ကာသတ်ဖြတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။
ထို့နောက် ကိုအာကာမိုးကိုကို ၏ရုပ်အလောင်းနှင့် ရုံးကားအား လှိုင်သာယာမြို့နယ်ရှိ လမ်းဘေး၌စွန့်ပစ်ထားခဲ့ကာ ပြန်လည်တွေ့ရှိချိန်၌ကားပေါ်တွင် အဝတ်စုတ်၊ကွမ်းတံတွေးများ ကျန်ခဲ့သည်ကိုတွေ့ရှိခဲ့ရပြီး ဖြည့်ဆည်းရေးစင်တာတာဝန်ခံသည် ကွမ်းစားခြင်း ဆေးလိပ်သောက်ခြင်းမရှိကြောင်း Mercury မှထုတ်ပြန်ခဲ့သည်။
လုယက်မှုကျူးလွန်သူများသည် ကိုအာကာမိုးကိုကို၏ iPhone 12 ၊ ASUS M4 13 DA Laptop နှင့်ငွေကျပ် ၄ သိန်းတို့အားယူဆောင်သွားခဲ့ကြောင်း Mercury ၏ထုတ်ပြန်ချက်၌ရေးသားထားသည်။
သေဆုံးသူ ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းအား ဇူလိုင် ၉ ရက်(မနက်ဖြန်)တွင် ရေဝေးသု ဿာန်၌ ဂူသွင်းသဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here