နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ဇူလိုင် ၈ ရက်(ယနေ့)နံနက်ပိုင်းက ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သဘောထားအား ပြောဆို

0
343

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ဇူလိုင် ၈ ရက်(ယနေ့)နံနက်ပိုင်းက ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သဘောထားအား ပြောဆို


နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ဇူလိုင် ၈ ရက်(ယနေ့)နံနက်ပိုင်းက ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သဘောထားအား ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသေနတ်နဲ့လုပ်ကြံခံရတဲ့သတင်းကိုကြားသိရပါတယ် မြန်မာနိုင်ငံအနေနဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး များစွာအံသြတုန်လှုပ်မိပါတယ် ဒီလိုလုပ်ကြံဖို့ကြိုးစားတာကိုလည်း ကျွန်တော်တို့ရှုတ်ချပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနှင့်မိတ်ဆွေဟောင်းတစ်ဦးဖြစ်၍ အမြန်ဆုံးပြန်လည်ကျန်းမာစေရန် ဆုမွန်ကောင်းတောင်းသည်ဟု ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းပြည်ပ မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို လုပ်ကိုင်နေတဲ့အကြမ်းဖက်ပုဂ္ဂိုလ်တွေ အကြမ်းဖက်အဖွဲ့အစည်းတွေကို ပြင်းထန်စွာရှုတ်ချပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး(၆၇)နှစ်သည် ယနေ့နံနက်ပိုင်းက နာရာစီရင်စု၊ယာမာတိုဆိုင်ဒိုင်အိချိဘူတာရုံအနီးရှိ လမ်းမပေါ်တွင် အထက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေစဥ် သေနတ်ဖြင့်လုပ်ကြံခံပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ ရင်ဘတ်၌ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုများပြုလုပ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here