နိုင်ငံပိုင် သိမ်းထားသည့် မော်တော်ယာဉ်များကို လေလံတင် ရောင်းချရန် အစီစဉ်မရှိသေးဟုဆို

0
92

နိုင်ငံပိုင် သိမ်းထားသည့် မော်တော်ယာဉ်များကို လေလံတင် ရောင်းချရန် အစီစဉ်မရှိသေးဟုဆို

နိုင်ငံတော်ပိုင် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များကို လေလံတင် ရောင်းချသွားမည့် အစီအစဉ်မရှိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြီးခဲ့သည့် ရက်ပိုင်းအ တွင်း တရားမဝင်ကုန်သွယ်မှုဖြင့် ဖမ်းဆီးရမိထားသည့် ကုန်စည်များကို ပြန်လည် ထုခွဲရောင်းချမည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် မော်တော်ယာဉ် လေလံ တင်ရောင်းချမည့် သတင်းများထွက်ပေါ်နေခြင်းအပေါ် စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် နိုင်ငံတော်မှ နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ) အဖြစ် သိမ်းဆည်းထားသည့် မော် တော်ယာဉ်များကို လေလံစနစ်ဖြင့် ထုခွဲရောင်းချမည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရပါသည်။ လက်ရှိအခြေအနေတွင် ဘဏ္ဍာသိမ်းမော်တော် ယာဉ်များ လေလံတင်ရောင်းချမည့် အစီအစဉ်မရှိပါကြောင်း အသိ ပေးကြေညာအပ်ပါသည်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန် ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီရမိသည့် ပစ္စည်းများ ပျက်စီးဆုံးရှုံးသွားပါက နိုင် ငံ့ဘဏ္ဍာရရှိမှု လျော့နည်းသွားမည်ဖြစ်သည့် အတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ လေလံတင် ရောင်းချသွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပသည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဗဟိုကော်တီအစည်အဝေးတွင် နစက ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီပြန် လည်ဖွဲ့စည်းပြီးနောက်ပိုင်း ၂၀၂၂ ဇန်နဝါရီလမှ မေလအထိ တရားမဝင် ကုန်ပစ္စည်း ကျပ် ၂၁ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၁၃ ဘီလီယံကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ဒုတိယ ဗိုလ် ချုပ်မှူးကြီး စိုးဝင်း၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here