UEC ဥက္ကဋ္ဌ ဟောင်းနှင့် အဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် (၃)နှစ်စီချမှတ်

0
166

UEC ဥက္ကဋ္ဌ ဟောင်းနှင့် အဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် (၃)နှစ်စီချမှတ်

NLD အစိုးရ လက်ထက်က တာဝန်ယူခဲ့သည့်ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၂) ဦးကို ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲဝင် ဦးသန်းဌေး၊ ဦးမြင့်နိုင်တို့ကို နေပြည်တော် အချုပ်ထောင်အတွင်းရှိ တ ရားရုံးမှ ဇူလိုင်လ (၇) ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ် သည်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့(၂) ဦးသည် ၂၀ ၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းပြုစုခြင်း၊ကြိုတင် မဲပေးခြင်း ကိစ္စရပ်များတွင် တရားမဲ့ပြုကျင်မှုများတွင် ပါဝင်ပတ်သက်မှု ရှိခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီး ဥပ ဒေပုဒ်မ-၁၃၀(က)နှင့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များကို ပျက်ကွက်မှုဖြင့် ပြည်ထောင်စုရွေးကောင်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၂၄၁၇ ဦးကို အ ရေးယူဆောင်ရွက်လျက်ရှိကြောင်း လက်ရှိ UECအဖွဲ့ဝင် ဦးခင်မောင်ဦးက ဇူလိုင်လ (၁) ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် တရားမဲ့ပြု ကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ၁၇၀ ဦးကို အမှုတွဲအရေ အတွက် ၁၃၇ မှုဖြင့် တရားစွဲဆိုခဲ့ရာတွင် ပြစ်ဒဏ်ချမှတ်ပြီး ၅၈ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် ၇၉ မှုရှိ‌သေးကြောင်းလည်း ၎င်း၏ ပြောကြားချက်အရသိရသည်။

ထို့အပြင်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့်အမှုပေါင်း ၁၀၇၇ မှု ဖြစ်ပွားခဲ့ပြီး ၅၄၆ မှုကို ရွေးကောက်ပွဲဥပဒေနှင့် အရေး ယူဆောင်ရွက်ခဲ့ရာ တရားစွဲတင်ပြီး ၃၄၅ မှု၊ ပိတ်သိမ်း ၂၀၀ မှုနှင့် ဥပဒေအကြံပြုချက် တောင်းခံဆဲ (၁)မှုဖြစ် ကြောင်းလည်း ၎င်းက ပြောကြားထားသည်။

Photo Credit – uec.gov.mm


LEAVE A REPLY

Please enter your comment!
Please enter your name here