သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက်အတွင်း မွေးမြူခွင့်မပြုဘဲမွေးထားသည့် နွား ၉ ကောင်အား ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်

0
147

သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက်အတွင်း မွေးမြူခွင့်မပြုဘဲမွေးထားသည့် နွား ၉ ကောင်အား ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက် ၂ ခုအတွင်းမွေးမြူခွင့်မပြုဘဲ မွေးထားသည့် နွား ၉ ကောင်အား ရန်ကုန်မြို့တော်စည်ပင်၊တိရစ္ဆာန်ဆေးကုသရေးနှင့်ထုတ်လုပ်ရေးဌာန တာဝန်ရှိသူများမှစစ်ဆေး၍ ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်အတွင်း နွားများမွေးမြူထားကြောင်း သတင်းအရ ရန်ကုန်မြို့ တော်စည်ပင်၊တိရစ္ဆာန်ဆေးကုသရေးနှင့်ထုတ် လုပ်ရေးဌာနမှတာဝန်ရှိသူများက မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊လုံခြုံရေးအဖွဲ့ဝင်များနှင့်အ တူ ဇူလိုင် ၆ ရက်တွင်သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ (ခ)ရပ်ကွက်၊အဝေယာလမ်း၊ အမှတ်(၅)နေအိမ်ရှေ့ရှိကားပေါ်မှ နွား ၄ ကောင်၊(က)ရပ်ကွက်၊အဝေယာလမ်း၊ အမှတ်(၁၆)နေအိမှ နွား၂ ကောင်၊(ခ)ရပ်ကွက်၊မင်္ဂလာလမ်း၊အ မှတ်(၃၂)နေအိမ်မှ နွား ၃ ကောင်(စုစုပေါင်း နွား ၉ ကောင်)အား တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် မွေးမြူခွင့်မပြုသည့် မြို့နယ်အတွင်း လိုင်စင်မဲ့မွေးမြူခြင်း၊သယ်ဆောင်ခွင့်မရှိဘဲ သယ်ဆောင်ခြင်း၊လူနေရပ်ကွက်တွင် ခွင့်ပြုချက်မဲ့ သိုလှောင်ထားရှိချည်နှောင်ခြင်းတို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှုးရုံး၌ နွားမွေးမြူထားသူများအား ဝန်ခံလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။

အလားတူ စစ်ဆေးတွေ့ရှိခဲ့သည့် နွား ၉ ကောင်အား ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်း လူတို့ ၏ အစားအစာအလို့ငှာ တိရစ္ဆာန်များအား တစ်ပိုင်တစ်နိုင်ဖြစ်စေ၊စီးပွားဖြစ်ဖြစ်စေ မွေးမြူခြင်းအား ဒဂုံမြို့သစ် ၄ မြို့နယ်၊မင်္ဂလာဒုံ၊ရွှေပြည်သာ၊အင်းစိန်၊လှိုင်သာယာ(အရှေ့ပိုင်း)၊(အနောက်ပိုင်း)၊မြောက်ဥက္ကလာပ၊ဒလ၊ဆိပ်ကြီးခနောင်တို မြို့နယ်တို့တွင်သာ ခွင့်ပြုချက်လိုင်စင်ဖြင့် မွေး မြူခွင့်ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here