ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီသည် မြန်မာပြည်သူ များအကြား စိတ်ဝမ်းကွဲအောင်လုပ်ဆောင်နေသည်ဟု နစက တုန့်ပြန်

0
168

ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီသည် မြန်မာပြည်သူ များအကြား စိတ်ဝမ်းကွဲအောင်လုပ်ဆောင်နေသည်ဟု နစက တုန့်ပြန်

ကုလသမဂ္ဂသည် လူ့အခွင့် အရေး အရေခြုံကာ မြန်မာပြည်သူများအကြား စိတ်ဝမ်းကွဲမှုနှင့် မယုံကြည်မှုများ ဖြစ်ပေါ်စေရန် ပစ်မှတ်ထား လုပ်ဆောင်နေကြောင်း နစကက တုန့်ပြန်ပြောကြားလိုက်သည်။

ဂျနီဗာမြို့တွင် ဇွန်လ ၁၃ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၅၀) မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာ နိုင် ငံအရေး ဆွေးနွေးမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန် ကြီးဌာ နက ဇူလိုင်လ ၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

” လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ အတူတကွနေထိုင်သည့် မြန်မာနိုင်ငံရှိ ပြည်သူများအကြား လူ့အခွင့်အရေး အရေခြုံ၍ စိတ်ဝမ်းကွဲပြားမှုများနှင့် မယုံကြည်မှုများဖြစ်ပေါ်စေရန် ရွေးချယ်ပစ်မှတ်ထားနေသည့် အတိုင်း အ တာကို ထင်ရှားစေသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူ နည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများ ဖြစ်ပွားစေသည့် အကြောင်းရင်းများ” ခေါင်း စဉ်ပါ ဆွေးနွေးချက်များသည် လူ့အခွင့်အရေးကောင်စီအနေဖြင့် ပူးပေါင်းဆောင်ရွက် ခြင်းနှင့်ညှိနှိင်းဆွေးနွေးခြင်း မူများကို ဆန့်ကျင်ခြင်း မြောက်ကြောင်းလည်း နိုင် ငံခြားရေးဝန်ကြီးဌာန၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူ့အခွင့်ရေး ကောင်စီအစည်းဝေး ကာလအတွင်း အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)က တင်သွင်းသော “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့် အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို ၇-၇-၂၀၂၂ ရက်တွင် လူ့အခွင့် အရေးကောင်စီက အတည်ပြုချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆွေးနွေး အတည်ပြုမှုများသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မမှန်ကန်သောစွပ်စွဲချက်များ၊ နိုင်ငံရေးနှင့် ဘာသာရေး သက်ဝင်သော အသုံးအနှုန်းများဖြင့် အမုန်းတရားဖြစ်ပေါ်စေသည်ဟုလည်း မြန်မာအစိုးရက ဆို သည်။

မြန်မာနိုင်ငံ အစိုးရအနေဖြင့် ၁၉၈၂ မြန်မာ နိုင်ငံသားဥပ ဒေနှင့် ကိုက်ညီသူများကို လူမျိုးဘာသာ မခွဲခြားဘဲ သင့် လျော်သည့် နိုင်ငံသားအဆင့်အတန်းပေးလျက်ရှိပြီး မြန် မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းကြောင်း မှတ် တမ်းများတွင် မရှိခဲ့သည့် ဖန်တီးထားသော “ရိုဟင်ဂျာ” ဟူသည့် အသုံး အနှုန်းကို အသိအမှတ်မပြုကြောင်းလည်း နိုင်ငံ ခြားရေး ဝန်ကြီးဌာနက သဘောထား ထုတ်ပြန်ထား သည်။

ထို့အပြင် ဇူလိုင်လ ၇ ရက်က အတည်ပြုခဲ့သည့်စာရွက် စာတမ်းအမှတ် A/HRC/50/L21 ပါ ဆုံးဖြတ်ချက် အဆို (မူကြမ်း)ကို အတည်ပြုချမှတ်ရာတွင် မြန်မာနိုင်ငံက ပါ ဝင်ပတ်သက်ခြင်းမရှိဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးသောအသုံးအနှုန်းများ ပါဝင်သည့် အဆို(မူကြမ်း) တစ်ခုလုံးကို ကန့်ကွက်ပယ်ချကြောင်းလည်း ထပ်ဆင့် ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here